မွေးနေ့မှာ မမေ့မလျော့ Surprise လုပ်ပေးခဲ့ကြတဲ့သူတွေကြောင့် ပျော်ခဲ့ရတဲ့ ပိုင်ဖြိုးသု

Posted on

ပရိသတ်တွေကတော့ မင်းသမီးပိုင်ဖြိုးသုကို ချစ်စနိုးနဲ့သုသုလို့ခေါ်ကြတာပါ။ သုသုကတော့ အကယ်ဒမီဆုတစ်ဆုကို ပိုင်ဆိုင်ထားသလို မီ ဇာတ်ရုပ်နဲ့လည်း အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားသလို တစ်ခါတစ်လေမှာ ခင်ပွန်းဖြစ်သူအပေါ်အချွဲပိုတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုကြတာပါ။


ဒီနေ့မှာတော့ပရိသတ်အချစ်တော်မင်းသမီးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သုသုကတော့ ဧပြီလ(၅)ရက်နေ့ ဒီနေ့လေးမှာ အသက်(၃၀)ပြည့်ခဲ့တာပါ။ မွေးနေ့လေးမှာတော့ မမေ့လျော့ဘဲ တကူးတကမွေးနေ့ Surprise လုပ်ပေးကြသူတွေကြောင့် သုသုကပျော်နေခဲ့တာပါ။အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ My Story မှာ တင်ပေးထားခဲ့ပါတယ်။


သုသုကတော့ “Birthday Surprise လာလုပ်ကြတဲ့ Team Thu Thu” လို့ ရေးသားထားတာပါ။ ချစ်တဲ့သူတွေကတော့ ပန်းစည်းတွေလက်ဆောင်တွေနဲ့သုသုဆီကိုရောက်လာခဲ့တာပါ။ သုသုတစ်ယောက် မွေးနေ့မှစပြီး နောင်နှစ်များစွာတိုင်အောင်မြင်တဲ့အနုပညာရှင်အဖြစ်ဆက်လက်ရပ်တည်နေနိုင်ပါစေနော်…
Source:PaingPhyoThu
Anna – CeleZone