လမ်းဘေးမှာအမှိုက်ရှင်းနေရတဲ့ စည်ပင်ဝန်ထမ်းတွေအတွက် ဆန်တွေလိုက်ဝေပေးနေတဲ့ နေဒွေးတို့သားမိရဲ့ ဗီဒီယို

Posted on

လက်ရှိအချိန်မှာ လူတော်တော်များများအိမ်မှာပဲနေပြီး ရောဂါပြန့်ပွားမှုကို တစ်ဖက်တစ်လမ်း က တားဆီးပေးနေတဲ့အချိန်မှာ အိမ်မှာနေ လို့အဆင်မပြေဘဲ လမ်းသန့်ရှင်းရေးအတွက် အမှိုက်တွေ ရှင်းပေးနေရတဲ့ လမ်းလုပ်သားတွေဟာ သနားဖို့လည်းကောင်းသလို လေးစားဖို့လည်းကောင်းပါတယ်။ မပြည့်စုံတဲ့အခြေခံဘဝတွေမှာ ဝမ်းရေးကအရေးကြီးဆုံးမို့ ကပ်ရောဂါကိုလည်း ကြောက်နေဖို့ အတွက် အချိန်မရှိနိုင်ပါဘူး။

တစ်နေ့လုပ်တစ်နေ့စားဆိုတဲ့ ဘဝခါးခါးတွေအတွက်တော့ အလှူရှင်တွေဟာ တကယ့်ကို မိုးကျရွှေကိုယ်တွေပါပဲ။ အခုလို တစ်တိုင်း ပြည်လုံးခက်ခဲနေကြတဲ့အချိန်မှာ တတ်နိုင်သူ တစ်ချို့က ချို့တဲ့နွမ်းပါသူတွေကို စွန့်ကြဲပေးကမ်းကြတာဟာလည်း တကယ့်ကို ကြည်နူး စရာပါ။ ကိုယ်ပိုင်ဆန်ဆိုင်ဖွင့်ထားတဲ့ နေဒွေးတစ်ယောက် မိခင်ဖြစ်သူနဲ့အတူ ဒီနေ့မနက်မှာပဲ လမ်းလုပ်သားတွေကို ဆန်တစ်ပြည်စီ လိုက်ဝေနေခဲ့ပါတယ်။

ဒီလိုကြည်နူးစရာမြင်ကွင်းလေးကို ” မနက်စောစော မေမေ့အလှု ” ဆိုပြီး နေဒွေးက ဝေမျှခဲ့တာ ပါ။ Mask တောင်မပါဘဲ အလုပ်လုပ် နေရတဲ့ သန့်ရှင်းရေးသမားတွေအတွက်တော့ အခုရလိုက် တဲ့ဆန်တစ်ပြည်ဟာ မိသားစုရဲ့ဝမ်းရေးအတွက် တော်တော်လေး အထောက် အပံ့ဖြစ်မှာမို့ လှူတန်းသူတွေကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။

Happy – Cele Zone
Photo – Nay Dway

(ဇော်ဂျီဖြင့်ဖတ်ရန်)

လမ္းေဘးမွာအမႈိက္ရွင္းေနရတဲ့ စည္ပင္ဝန္ထမ္းေတြအတြက္ ဆန္ေတြလိုက္ေဝေပးေနတဲ့ ေနေဒြးတို႔သားမိရဲ႕ ဗီဒီယို

လက္ရွိအခ်ိန္မွာ လူေတာ္ေတာ္မ်ားမ်ားအိမ္မွာပဲေနၿပီး ေရာဂါျပန႔္ပြားမႈကို တစ္ဖက္တစ္လမ္း က တားဆီးေပးေနတဲ့အခ်ိန္မွာ အိမ္မွာေနလို႔အဆင္မေျပဘဲ လမ္းသန႔္ရွင္းေရးအတြက္ အမႈိက္ေတြ ရွင္းေပးေနရတဲ့ လမ္းလုပ္သားေတြဟာ သနားဖို႔လည္းေကာင္းသလို ေလးစားဖို႔လည္းေကာင္းပါတယ္။ မျပည့္စုံတဲ့အေျခခံဘဝေတြမွာ ဝမ္းေရးက အေရးႀကီးဆုံးမို႔ ကပ္ေရာဂါကိုလည္း ေၾကာက္ေနဖို႔အတြက္ အခ်ိန္မရွိႏိုင္ပါဘူး။

တစ္ေန႔လုပ္တစ္ေန႔စားဆိုတဲ့ ဘဝခါးခါးေတြအတြက္ေတာ့ အလႉရွင္ေတြဟာ တကယ့္ကို မိုးက်ေ႐ႊကိုယ္ေတြပါပဲ။ အခုလိုတစ္တိုင္းျပည္လုံးခက္ခဲေနၾကတဲ့အခ်ိန္မွာ တတ္ႏိုင္သူ တစ္ခ်ိဳ႕က ခ်ိဳ႕တဲ့ႏြမ္းပါသူေတြကို စြန႔္ႀကဲေပးကမ္းၾက တာဟာလည္း တကယ့္ကို ၾကည္ႏူးစရာပါ။ ကိုယ္ပိုင္ဆန္ဆိုင္ဖြင့္ထားတဲ့ ေနေဒြးတစ္ေယာက္ မိခင္ျဖစ္သူနဲ႔အတူ ဒီေန႔မနက္မွာပဲ လမ္းလုပ္သားေတြကို ဆန္တစ္ျပည္စီလိုက္ေဝေနခဲ့ပါတယ္။

ဒီလိုၾကည္ႏူးစရာျမင္ကြင္းေလးကို ” မနက္ေစာေစာ ေမေမ့အလႈ ” ဆိုၿပီး ေနေဒြးက ေဝမွ်ခဲ့တာ ပါ။ Mask ေတာင္မပါဘဲ အလုပ္လုပ္ေနရတဲ့ သန႔္ရွင္းေရးသမားေတြအတြက္ေတာ့ အခုရလိုက္ တဲ့ဆန္တစ္ျပည္ဟာ မိသားစုရဲ႕ဝမ္းေရးအတြက္ ေတာ္ေတာ္ေလးအေထာက္အပံ့ျဖစ္မွာမို႔ လႉတန္းသူေတြကိုလည္း သာဓုအႀကိမ္ႀကိမ္ေခၚဆိုပါတယ္။

Happy – Cele Zone
Photo – Nay Dway