ကုသပေးနေတဲ့ဆရာဝန်တွေနဲ့ quarantine center မှာ ရှိသူတွေကို သင်္ကြန်သီချင်းလေးတွေနဲ့ လမ်းမပေါ်မှာ ဖျော်ဖြေပေးခဲ့တဲ့ နီနီခင်ဇော်

Posted on

လက်ရှိအချိန်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကပ်ရောဂါဆိုးကြီးကို ညီညီညာညာ တိုက်ထုတ်ရမှာဖြစ်ပြီး အားနည်းသူတွေကို အဆင်ပြေတဲ့သူတွေက လက်ကမ်းဖေးမကူရမယ့် အနေအထားတစ်ခုပါပဲ။ (၁၄) ရက်စောင့်ကြည့်ခံပြီး ကျန်းမာရေးစစ်ဆေးမှုပြုလုပ် ခံသူတွေအတွက် စိတ်အပန်းပြေအောင် နီနီတစ်ယောက် လမ်းမပေါ်ကနေ သင်္ကြန်သီချင်းတွေဆိုပြီး ဖျော်ဖြေပေးနေတာပဲဖြစ်ပါတယ်။

ဒီရောဂါဆိုးကြီး ကိုယ့်ဆီမှာရှိနေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပူပင်နေရသူတွေနဲ့ (၁၄) ရက် စောင့်ကြည့်ခံရသူတွေကို ဂရုစိုက်ပေးနေရတဲ့ ပြုစုကုသပေးသူတွေအတွက်တော့ နီနီ့ရဲ့ သီချင်းသံလေးဟာ တစ်ခဏတာလောက်ဖြစ်ဖြစ် စိတ်သောကတွေ အနည်းငယ်ပြေပျောက် သွားစေမှာတော့အမှန်ပါပဲ။ မကြာခင်မှာလည်း ရောက်ရှိလာတော့မယ့် သင်္ကြန်ပွဲတော်အတွက် မြိုင်ဆိုင်တဲ့ သင်္ကြန်သီချင်းလေးဟာ မြန်မာလူမျိုးတိုင်းရဲ့ စိတ်ကိုကြည်နူးစေလောက်ပါတယ်။

သူမဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကို ” ဆေး၂ ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့ နဲ့ ဘောလုံးအကယ်ဒမီ quarantine center မှာရှိတဲ့ မိဘ ပြည်သူများကို လာရောက်ဖျော်ဖြေ ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ဖက်က ပရိသတ်တွေကို ပျော်ရွှင်အောင် ဖန်တီးပေးတာလည်း အနုပညာသမားကောင်းတွေရဲ့ အပြုအမူပဲမို့ ကျေးဇူးတင်ပါတယ် နီနီရေ။

Happy – Cele Zone
Photo – Ni Ni Khin Zaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကုသေပးေနတဲ့ဆရာဝန္ေတြနဲ႔ quarantine center မွာ ရွိသူေတြကို သၾကၤန္သီခ်င္းေလးေတြနဲ႔ လမ္းမေပၚမွာ ေဖ်ာ္ေျဖေပးခဲ့တဲ့ နီနီခင္ေဇာ္

လက္ရွိအခ်ိန္ဟာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကပ္ေရာဂါဆိုးႀကီးကို ညီညီညာညာ တိုက္ထုတ္ရမွာျဖစ္ၿပီး အားနည္းသူေတြကို အဆင္ေျပတဲ့သူေတြက လက္ကမ္းေဖးမကူရမယ့္ အေနအထားတစ္ခုပါပဲ။ (၁၄) ရက္ေစာင့္ၾကည့္ခံၿပီး က်န္းမာေရး စစ္ေဆးမႈျပဳလုပ္ခံသူေတြ အတြက္ စိတ္အပန္းေျပေအာင္ နီနီတစ္ေယာက္ လမ္းမေပၚကေန သၾကၤန္သီခ်င္းေတြဆိုၿပီး ေဖ်ာ္ေျဖေပးေနတာပဲျဖစ္ပါတယ္။

ဒီေရာဂါဆိုးႀကီး ကိုယ့္ဆီမွာရွိေနမလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ပူပင္ေနရသူေတြနဲ႔ (၁၄) ရက္ ေစာင့္ၾကည့္ခံရသူေတြကို ဂ႐ုစိုက္ေပးေနရတဲ့ ျပဳစုကုသေပးသူေတြအတြက္ေတာ့ နီနီ႔ရဲ႕ သီခ်င္းသံေလးဟာ တစ္ခဏတာေလာက္ျဖစ္ျဖစ္ စိတ္ေသာကေတြ အနည္းငယ္ေျပေပ်ာက္ သြားေစမွာေတာ့အမွန္ပါပဲ။ မၾကာခင္မွာလည္း ေရာက္ရွိလာေတာ့မယ့္ သၾကၤန္ပြဲေတာ္အတြက္ ၿမိဳင္ဆိုင္တဲ့ သၾကၤန္သီခ်င္းေလးဟာ ျမန္မာလူမ်ိဳးတိုင္းရဲ႕ စိတ္ကိုၾကည္ႏူးေစေလာက္ပါတယ္။

သူမေဖ်ာ္ေျဖေနတဲ့ ဗီဒီယိုေလးကို ” ေဆး၂ ​ေက်ာင္းသား​​​ေက်ာင္းသူ​ေဟာင္းမ်ားအဖြဲ႕ နဲ႔ ​ေဘာလုံးအကယ္ဒမီ quarantine center မွာရွိတဲ့ မိဘ ျပည္သူမ်ားကို လာ​ေရာက္​​ေဖ်ာ္​​ေျဖ ” ဆိုၿပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ကိုယ္တတ္ႏိုင္တဲ့ဖက္က ပရိသတ္ေတြကိုေပ်ာ္႐ႊင္ေအာင္ ဖန္တီးေပးတာလည္း အႏုပညာသမားေကာင္းေတြရဲ႕ အျပဳအမူပဲမို႔ ေက်းဇူးတင္ပါတယ္ နီနီေရ။

Happy – Cele Zone
Photo – Ni Ni Khin Zaw