လက်မောင်းမှာ မိမိပုံကိုတက်တူးထိုးတဲ့အထိအားပေးကြမ်းတဲ့ပရိသတ်ကို ပိုင်ဆိုင်ထားတဲ့ ပိုးမမှီသာ

Posted on

ပိုးမမှီသာကတော့ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပြီး စိုင်းစိုင်းရဲ့သိင်္ဂါရသီချင်းတစ်ပုဒ်မှာ စတင်ပါဝင်လာခဲ့ဖူးတာပါ။ ထူးခြားတဲ့အလှပိုင်ရှင်လေးတစ်ယောက်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပါ။ 
ပိုးမမှီသာကိုမြန်မာဝတ်စုံလေးတွေနဲ့လိုက်ဖက်လွန်းတယ်လို့ ပရိသတ်တွေကမှတ်ချက်ပေးကြသလို စိုင်းစိုင်းနဲ့အတူပါဝင်သရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မြန်မာဆန်တဲ့မန္တလေးသူလေးတစ်ယောက်အဖြစ်ပါဝင်ထားတာပါ။ ဒီဇာတ်ကားဟာ ပိုးမမှီသာအနေနဲ့ပထမဆုံးပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပြီးမှတ်ချက်ကောင်းများစွာကိုရရှိထားတာပါ။ ပိုးမမှီသာကတော့ ပရိသတ်အခိုင်အမာရရှိနေသူတစ်ယောက်ဖြစ်ပြီး အခုဆိုရင်ပရိသတ်တစ်ယောက်က သူ့ရဲ့အားပေးမှုကို မထင်မှတ်ထားတဲ့ အပြုအမူမျိုးနဲ့ပြသခဲ့ပါတယ်။


အဲ့ဒါကတော့ ပိုးမမှီသာရဲ့ပုံကိုလက်မောင်းမှာ တက်တူးထိုးထားခဲ့တာပါ။ ပိတောက်ကတဲ့ဂီတဇာတ်ကားထဲကပုံကိုတက်တူးထိုးထားတာဖြစ်ပြီး ပိုးမမှီသာကတော့ သူ့ရဲ့ဖေ့ဘွတ်ခ် My Story မှာတင်ထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ပတ်သက်ပြီး အချစ်ပိုကြတတ်ကြသလို အခုလိုမျိုးအသားပေါ်မှာ သေရာပါတက်တူးထိုးတဲ့အထိတောင်ပြုလုပ်တတ်ကြတာပါ။ ပိုးမမှီသာကတော့ သူ့အပေါ်မှာအရမ်းကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော်….
Source:PoeMamheeTharMyStory
Anna – CeleZone