အိမ်ထဲမှာပဲနေရတော့ ချစ်သူနဲ့ကမ်းခြေသွားခဲ့တဲ့ ပုံရိပ်တွေကို အလွမ်းပြေဝေမျှလိုက်တဲ့ ဝါဆိုမိုးဦး

Posted on

ချစ်သက်တမ်းလေးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့တစ်ယောက် ဆယ်ကျော်သက်လေးတွေကို ရင်ခုန် စိတ်လှုပ်ရှားမှုမျိုးတွေနဲ့ ချစ်နေဆဲဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုတို့ နှစ်ယောက်သားရဲ့ အချစ်ရေးလေးက ကြည်နူးအားကျစရာပါ။ ဝါဆို စိတ်ကောက်တိုင်း အလေး အနက်ထားပြီးချော့တတ်တဲ့ ဖြိုးလေးရဲ့ ချစ်ခြင်းမေတ္တာဟာလည်း အချိန်တွေ ကြာလေလေ ထုထည်ပိုကြီး လာလေလေဆိုတာ မြင်သာနေပါတယ်။

လက်ရှိမှာတော့ တော်တော်များများက အိမ်မှာပဲနေပြီး ကူးစက်ရောဂါကို ကာကွယ်နေတဲ့ အချိန်မှာ ဝါဆိုတို့ချစ်သူနှစ်ယောက်လည်း တစ်ယောက်တစ်အိမ်စီမှာနေရင်း လူချင်းမတွေ့ရဘဲ အမှတ်တရလေးတွေနဲ့ အလွမ်းဖြေနေရတဲ့အချိန်ပါပဲ။ ဒီကပ်ရောဂါကြီးက လူတွေအားလုံးရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိုက်တာမို့ အားလုံးအတူတူတွန်းလှန်နိုင်ဖို့ဆိုရင် အိမ်ထဲမှာနေပြီး ရောဂါပြန့်ပွားမှုကို အနည်းနဲ့အများ တားဆီးနိုင်ပါတယ်။

အတူတူမရှိတဲ့အချိန်လေးတွေမှာတောင် အတူတူရှိခဲ့တဲ့အမှတ်တရလေးတွေကိုပြန်ကြည့်မိရင် ကိုယ့်အနားမှာသူရှိနေသလိုခံစားရ တာတော့ ချစ်တဲ့သူတိုင်းအသိပါပဲနော်။ ဝါဆိုတစ်ယောက် သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ” အလိုချင်ဆုံး မင်းဆီကငါမေတ္တာ တရားလေ အပိုဆု တောင်းပါဦးဆို သစ္စာရှိပါမေ ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ ငါဟာမင်းအတွက် အသက်ရှင်နေထိုင် ဖြစ်တည်တဲ့ ဘဝ ငွေဆောင်သွားတုန်းကပုံလေးတွေ ခုမှတင်ဖြစ်တယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Warso Moe Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Warso Moe Oo