ရေချိုးခါနီး မေမေ့ကို‌ ခေါင်းလေးထောင်ပြီး ပြောင်ပြနေတဲ့ စန္ဒီမြင့်လွင် သမီးလေး Treasure
Posted on
ဂီတလောကမှာ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်က ပရိသတ်တွေသိတဲ့အတိုင်း အမိုက်စား Rapသီချင်းလေးတွေကိုသီဆိုတတ်ပြီး အရမ်းကို ခေတ်မီတဲ့ အဆိုတော်တစ်ဦးပါ။ သ‌ဘောရိုးပြီး ပွင့်ပွင့်လင်းလင်း နေတတ်သူလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားတဲ့ အပြင် ယခုဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ ကိုယ်ပွားလေးကို မွေးဖွားခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။
သမီးလေးလိုချင်တဲ့ အိမ်မက်တွေပြည့်သွားခဲ့တဲ့ ဒီးဒီးက သမီးလေး Treasureကိုမွေးဖွားပြီးတဲ့ နောက်မှာတော့ မိခင်နေရာကို ပိုပြီး နားလည်သိရှိခံစားခဲ့ပြီး သမီးလေးကို ရင်အုပ်မခွာစောင့်ရှောက်နေတာကို ကြည်နူးဖွယ်ရာမြင်ကွင်းလေးတစ်ခုအဖြစ်မြင်တွေ့ရမှာပါ။ လုံးလုံးလေးနဲ့ အသည်းယားဖို့ကောင်းအောင် ချစ်စရာကောင်းတဲ့ သမီးလေး Treasure ကို ပုံစံလေးတွေမျိုးစုံပြင်ပေးပြီး ဓာတ်ပုံရိုက်တတ်တဲ့ မေမေ ကြောင့် ပရိသတ်တွေကြားက Treasureက အသည်းယားစရာကောင်းပြီး ချစ်စရာသူလေးဖြစ်နေပါတော့တယ်။
ယခုဆိုရင် Treasure လေးက ၂လကျော်ပြီဖြစ်တာကြောင့် ခေါင်းလေး တစ်ထောင်ထောင်လုပ်တတ်နေပြီး မေမေကို မျက်စိရှေ့က အပျောက်မခံတော့ပါဘူးနော်။ ဒီးဒီးက ရေချိုးခါနီး ချစ်စရာကောင်း‌အောင် ခေါင်းလေးထောင်ပြီး ကြည့်နေတဲ့ သမီးလေး Treasureရဲ့ ပုံလေးတွေကို အမိအရရိုက်ပြီး “ခေါင်းတွေအတင်းစွတ်ထောင်မယ် ရေချိုးခါနီးဆိုမေမေ့ကိုပြောင်ပြတယ်ဘယ်လိုကလေးလေးတုန်း” ဆိုပြီး သမီးလေးရဲ့ အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာဖြစ်လို့ CeleZoneပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်‌‌နော်။
Source:Dee Dee
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)
ရေချိုးခံနီး မေမေ့ကို‌ ခေါင်းလေးထောင်ပြီး ပြောင်ပြနေတဲ့ စန္ဒီမြင့်လွင် သမီးလေး Treasure