Covid – 19 ရောဂါကြောင့် လိုအပ်တဲ့နေရာတွေကို သိန်းဆယ်နဲ့ချီပြီး သွားရောက်လှူတန်းခဲ့တဲ့ ခန့်စည်သူတို့ရဲ့စုပေါင်းအလှူ
Posted on
လူအချင်းချင်းရိုင်းပင်ကူညီတတ်တဲ့စိတ်ထားရှိသူတွေဟာ တကယ့်ကိုမြင့်မြတ်သူတွေပါပဲ။ အခုလိုမျိုးတစ်တိုင်းပြည်လုံး စိုးရိမ်ပူပန်မှု တွေဖြစ်နေပြီး အပြင်မထွက်ရဲတဲ့ အခြေအနေတွေမှာ နီးစပ်ရာအသိုင်းအဝိုင်းတွေက ကူညီကြတာဟာ တကယ့်ကိုကြည်နူးစရာပါပဲ။ ခန့်စည်သူတို့ရဲ့ မေတ္တာသင်္ဂဟအဖွဲ့နဲ့ ရုပ်ရှင်/ဂီတ၊ပြင်ပစေတနာရှင်၊အလှူရှင်တွေစုပေါင်းပြီး လှူတန်းခဲ့တဲ့ ငွေကျပ် သိန်း (၅၀) ကို လိုအပ်တဲ့နေရာတွေကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ဒီလိုစုပေါင်းအလှူပုံရိပ်လေးတွေကို ” ယနေ့ကုသိုလ် မေတ္တာသင်္ဂဟအဖွဲ့နှင့် ရုပ်ရှင်/ဂီတ၊ ပြင်ပစေတနာရှင် ၊အလှူရှင်များစုပေါင်း၍ -မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စက်မှုအခြေခံ အလွှာအတွက် သိန်း(၃၀) -အမေများအဖွဲ့အတွက် (၁၀)သိန်း -ရန်ကုန်ကလေးဆေးရုံကြီး Covid 19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် (၁၀)သိန်း၊ စုစုပေါင်းသိန်း (၅၀) ကိုသွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ”
” သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များ၊ကျေးဇူးကြီးလှပါသော ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ပရဟိတလုပ်ကြသူများ၊အသင်းအဖွဲ့များ၊အဖွဲ့အစည်းများနှင့်တကွ မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်အေးကြပါစေခင်ဗျာ။ သာဓု-သာဓု-သာဓု ခေါ်ဆိုနိုင်ကြ ပါစေ။ ကိုကြာစွယ် (၃-၄-၂၀၂၀) ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Kyaw Soe Win
(ဇော်ဂျီဖြင့်ဖတ်ရန်)
ဒီလိုစုပေါင်းအလှူပုံရိပ်လေးတွေကို ” ယနေ့ကုသိုလ် မေတ္တာသင်္ဂဟအဖွဲ့နှင့် ရုပ်ရှင်/ဂီတ၊ ပြင်ပစေတနာရှင် ၊အလှူရှင်များ စုပေါင်း၍ -မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စက်မှုအခြေခံ အလွှာအတွက် သိန်း(၃၀) -အမေများအဖွဲ့အတွက် (၁၀)သိန်း -ရန်ကုန်ကေ လးဆေးရုံကြီး Covid 19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် (၁၀)သိန်း၊ စုစုပေါင်းသိန်း (၅၀) ကိုသွားရောက် လှူဒါန်း ခဲ့ကြပါတယ်။ ”
Happy – Cele Zone
Photo – Kyaw Soe Win