Covid – 19 ရောဂါနဲ့ပတ်သက်ပြီး အမိုက်စား ရပ်(ပ်) တွေ ရွတ်ပြခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့ ဗီဒီယို

Posted on

လက်ရှိအချိန်ဟာ တစ်ကမ္ဘာလုံးအနေနဲ့ ကျန်းမာရေးအသိသတိရှိရှိနဲ့ နေရမယ့်အချိန်ဖြစ်ပြီး ဒီကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ဖို့ အတွက် ကြိုးစားအားထုတ်နေတဲ့ ကာလလည်းဖြစ်ပါ တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အိမ်ထဲမှာပဲနေဖို့ အသိပညာပေး Short Video လေး ရိုက်ကူးခဲ့သလို ရပ်(ပ်)ပါ တွေအနေနဲ့လည်း ပရိသတ်တွေအတွက် ရပ်(ပ်) တွေရွတ်ကာ ကျန်းမာရေးအသိပညာပေး ခဲ့ပါသေးတယ်။

ဒီချဲလန့်လေးကို အဆိုတော်ကြက်ဖက စတင်ခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ ရပ်(ပ်)ပါ တော်တော်များများပါဝင်ခဲ့ကာ ပွဲလေးက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားခဲ့ ပါတယ်။ Underground က ရပ်(ပ်)ပါ တွေလည်း ပါဝင်လာခဲ့ပြီး မန္တလေးက ရပ်(ပ်)ပါ တစ်ယောက်ရဲ့ အမိုက်စား သီဆိုမှုကြောင့် နာမည်ကျော် ရပ်(ပ်)ပါ တွေရဲ့ အားပေးထောက်ခံမှုကိုပါ ရခဲ့ပါသေးတယ်။

အမျိုးသား ရပ်(ပ်)ပါ တွေ တော်တော်များများသီဆိုအပြီးမှာတော့ အမျိုးသမီး ရပ်(ပ်)ပါ တစ်ယောက်ဖြစ်တဲ့ ဒီဒီးကလည်း ဒီချဲလန့်လေး မှာ ပါဝင်လာခဲ့ပါတယ်။ သူမရဲ့ Live ဗီဒီယို လေးကို ” Rap chanllenge accepted ကိုကြက် ဆိုခိုင်းလို့ဆိုသည် စာသားလဲ ကိုကြက်  ဖြည့်ပေးသည် ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းတစ်ဖုံကိုယ့်ကြောင့်အကျိုးရှိမယ်ဆိုကျေနပ်ပါသည် ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Sandi Myint Lwin

(ဇော်ဂျီဖြင့်ဖတ်ရန်)

Covid – 19 ေရာဂါနဲ႔ပက္သက္ျပီး အမိုက္စား ရပ္(ပ္) ေတြ ရြတ္ျပခဲ့တဲ့ စႏၵီျမင့္လြင္ရဲ႕ ဗီဒီယို

လက္ရွိအခ်ိန္ဟာ တစ္ကမာၻလုံးအေနနဲ႔ က်န္းမာေရးအသိသတိရွိရွိနဲ႔ ေနရမယ့္အခ်ိန္ျဖစ္ၿပီး ဒီကပ္ေရာဂါဆိုးႀကီးကို တြန္းလွန္ႏိုင္ဖို႔အတြက္ ႀကိဳးစားအားထုတ္ေနတဲ့ ကာလလည္းျဖစ္ပါ တယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔လည္း အိမ္ထဲမွာပဲ ေနဖို႔ အသိပညာေပး Short Video ေလး ႐ိုက္ကူးခဲ့သလို ရပ္(ပ္)ပါ ေတြအေနနဲ႔လည္း ပရိသတ္ေတြအတြက္ ရပ္(ပ္) ေတြ ႐ြတ္ကာ က်န္းမာေရးအသိပညာေပးခဲ့ပါေသးတယ္။

ဒီခ်ဲလန္႔ေလးကို အဆိုေတာ္ၾကက္ဖက စတင္ခဲ့တာျဖစ္ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ျမန္မာျပည္ရဲ႕ ရပ္(ပ္)ပါ ေတာ္ေတာ္မ်ားမ်ား ပါဝင္ခဲ့ကာ ပြဲေလးက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျဖစ္သြားခဲ့ ပါတယ္။ Underground က ရပ္(ပ္)ပါ ေတြလည္း ပါဝင္လာခဲ့ၿပီး မႏၲေလးက ရပ္(ပ္)ပါ တစ္ေယာက္ရဲ႕ အမိုက္စား သီဆိုမႈေၾကာင့္ နာမည္ေက်ာ္ ရပ္(ပ္)ပါ ေတြရဲ႕ အားေပးေထာက္ခံမႈကိုပါ ရခဲ့ပါေသး တယ္။

အမ်ိဳးသား ရပ္(ပ္)ပါ ေတြ ေတာ္ေတာ္မ်ားမ်ားသီဆိုအၿပီးမွာေတာ့ အမ်ိဳးသမီး ရပ္(ပ္)ပါ တစ္ေယာက္ျဖစ္တဲ့ ဒီဒီးကလည္း ဒီခ်ဲလန႔္ေလးမွာ ပါဝင္လာခဲ့ပါတယ္။ သူမရဲ႕ Live ဗီဒီယို ေလးကို ” Rap chanllenge accepted ကိုၾကက္ ဆိုခိုင္းလို႔ဆိုသည္ စာသားလဲ ကိုၾကက္ ျဖည့္ေပး သည္ ဘယ္လိုပဲျဖစ္ျဖစ္ တစ္နည္းတစ္ဖုံကိုယ့္ေၾကာင့္အက်ိဳးရွိမယ္ဆိုေက်နပ္ပါသည္ ” ဆိုၿပီးေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Sandi Myint Lwin