စင်္ကာပူ ရောက်တုန်း Liveလွှင့်ပြီး ပရိသတ်တွေကို အရမ်းလှတဲ့ နေရာလေးတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တဲ့ ချစ်သက်

Posted on

ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေးဖြစ်တဲ့ သက်မွန်မြင့်ကတော့ အမာခံပရိသတ်တွေအပြည့်နဲ့ စိတ်သဘောထားကောင်းတဲ့ နိုင်ငံကျော်မင်းသမီး တစ်ဦးပါ။ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုလောက်အောင် အရမ်းကောင်းပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ပိုင်ဆိုင်ထားတဲ့ အပြင် အပြင်လောကမှာလည်း ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကို မောင်နှမ အရင်းသဖွယ် တရင်းတနှီးဦးစားပေးတတ်တာကြောင့် အားလုံးက ဝိုင်းပြီးချစ်နေရတဲ့ သူလေးပါ။

 

ဒါ့ပြင် အရမ်းကို ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အပြင် အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အားကျနေရတဲ့ သူ‌လေးလည်းဖြစ်ပါတယ်။ အဖက်ဖက်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ချစ်သက်က သူမရဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့ အတူ အမြဲခရီးထွက်လေ့ရှိပြီး ပရိသတ်တွေကိုလည်း နိုင်ငံတကာရဲ့ အလှတွေကို ပြန်လည်ဝေမျှပေးလေ့ရှိပါတယ်။

 

ယခုလည်း သူငယ်ချင်းတသိုက်နဲ့ စင်္ကာပူရောက်နေတဲ့ ချစ်သက်က အရမ်းကိုလှတဲ့ ပန်းတွေမျိုးစုံကို တွေ့မြင်နိုင်မယ့်နေရာလေး တစ်နေရာကို ရောက်တုန်း ပရိသတ်တွေကို Liveလွှင့်ပြီး ပြသခဲ့တာပါ။ အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်သက်က liveလွှင့်ရင်း သူငယ်ချင်း ခင်လေးနွယ် ဓာတ်ဖမ်းနေတာကို လိုက်စနေပြီး အရမ်းတွေပျော်နေတဲ့ ချစ်သက်လေးရဲ့ ပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပြီနော်။

Source:Thet Mon Myint

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)



