ဝေဒနာတွေသက်သာပြီး ပြန်လည်ကျန်းမာလာခဲ့တဲ့ အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ အောင်ရင်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဦးအောင်ရင်တစ်ယောက် လက်ရှိကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေတဲ့ Covid – 19 ရဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပြီး ဒီရောဂါကြီးလားဆိုတာကို သေချာမသိရ သေးတာကြောင့် အိမ်မှာနေရင်းနဲ့ပဲ ကျန်းမာရေးကို အထူးဂရုစိုက်ခဲ့ပါတယ်။ ဒီရောဂါဖြစ်မဖြစ် ဆိုတာ သေချာစမ်းသပ်မှသိရတာဖြစ်ပြီး စမ်းသပ်ဖို့ဆိုတာလည်း အသက်ရှုရခက်ခဲတဲ့ လူနာတွေကိုပဲ ဆေးရုံမှာ စစ်ဆေးတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ပြန်လည်ကျန်းမာလာပြီဖြစ်ပြီး စိုးရိမ်နေကြတဲ့ ပရိသတ်တွေကို ” မင်္ဂလာပါ ကိုဗစ်လား ငဗစ်လားမသိပါဘူး ကျနော်နေမကောင်းတော့ ဘိလပ်ကသူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ် အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့ အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား Negative လားသိနိုင်ပါမယ် ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ် ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာ လက်ခံပြီးတင်ပါတယ် ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ ဆုတောင်းမေတ္တာပို့သပေးသူများ အားလုံး ကျေးဇူးတင်ရှိပါတယ် ”

” ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက် မနက်တိုင်း Vitamin C တလုံးသောက်ပါတယ် ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်း Corona Virus ကြောင့် နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ် ကိုယ်ခံအားကောင်းဖို့သာ ဂရုစိုက်ကြပါ ကျနော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကို လည်း ကျေးဇူးတင်ပါတယ်ဗျ ” ဆိုပြီး ဝမ်းသာစရာစကားလေးပြောခဲ့ပါ တယ်။

Happy – Cele Zone
Photo – Aung Yin

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေဝဒနာေတြသက္သာၿပီး ျပန္လည္က်န္းမာလာခဲ့တဲ့ အေၾကာင္းအရင္းကို ဖြင့္ဟလာတဲ့ ေအာင္ရင္

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ဦးေအာင္ရင္တစ္ေယာက္ လက္ရွိကမာၻအရပ္ရပ္မွာျဖစ္ပြားေနတဲ့ Covid – 19 ရဲ႕ ေရာဂါလကၡဏာေတြ ခံစားခဲ့ရၿပီး ဒီေရာဂါႀကီးလားဆိုတာကို ေသခ်ာမသိရ ေသးတာေၾကာင့္ အိမ္မွာေနရင္းနဲ႔ပဲ က်န္းမာေရးကို အထူးဂ႐ုစိုက္ခဲ့ပါတယ္။ ဒီေရာဂါျဖစ္မျဖစ္ ဆိုတာ ေသခ်ာစမ္းသပ္မွသိရတာျဖစ္ၿပီး စမ္းသပ္ဖို႔ဆိုတာလည္း အသက္ရႈရခက္ခဲတဲ့ လူနာေတြ ကိုပဲ ေဆး႐ုံမွာစစ္ေဆးတာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ျပန္လည္က်န္းမာလာၿပီျဖစ္ၿပီး စိုးရိမ္ေနၾကတဲ့ ပရိသတ္ေတြကို ” မဂၤလာပါ ကိုဗစ္လား ငဗစ္လားမသိပါဘူး က်ေနာ္ေနမေကာင္းေတာ့ ဘိလပ္ကသူငယ္ခ်င္းဆရာဝန္က Covid 19 ကူးစက္ခံရတဲ့ လကၡဏာျပေနတယ္ေျပာပါတယ္ အဂၤလန္မွာ ဒီလကၡဏာျပေပမဲ့ အိမ္မွာပဲေနရတယ္ Test လုပ္မွသာလွ်င္ Positive လား Negative လားသိႏိုင္ပါမယ္ ဒီမွာက ေဆး႐ုံတက္ရတဲ့သူပဲ Test လုပ္ေပးပါတယ္ ေဆး႐ုံကိုလည္းအသက္ရႈရတာခက္တဲ့လူနာမွသာ လက္ခံၿပီးတင္ပါတယ္ ဘာပဲျဖစ္ျဖစ္ က်ေနာ္ေနေကာင္း ပါၿပီ ဆုေတာင္းေမတၱာပို႔သေပးသူမ်ား အားလုံး ေက်းဇူးတင္ရွိပါတယ္ ”

” ပါရာစီတေမာ ၂ လုံး ၄ ႀကိမ္နဲ႔ ၁၂ ရက္ မနက္တိုင္း Vitamin C တလုံးေသာက္ပါတယ္ ဘိလပ္က က်ေနာ့္ရဲ႕သူငယ္ခ်င္း ဆရာဝန္ ၃ ေယာက္ဟာလည္း Corona Virus ေၾကာင့္ ေနမေကာင္းျဖစ္တာ အိမ္မွာ ၂ ပါတ္ self quarantine လုပ္ၿပီး ျပန္ေကာင္းတာ ေတြ႕ရလို႔ အမ်ိဳးေတြကိုလည္း သိပ္ၿပီး အေၾကာက္မလြန္ဖို႔ ေျပာခ်င္ပါတယ္ ကိုယ္ခံအားေကာင္းဖို႔သာ ဂ႐ုစိုက္ၾကပါ က်ေနာ့္ကိုလည္း ကိုယ္ခံအားေကာင္းဖို႔ ယခုလိုခ်က္ျပဳတ္ေကြၽးတဲ့ ေဒၚမိုးကို လည္း ေက်းဇူးတင္ပါတယ္ဗ် ” ဆိုၿပီး ဝမ္းသာ စရာစကားေလးေျပာခဲ့ပါတယ္။

Happy – Cele Zone
Photo – Aung Yin