ရေကူးကန်ထဲမှာ ကြည်နူးနေကြတဲ့ အောင်လနဲ့ဝိုင်းစုရဲ့ ရင်ခုန်စရာပုံရိပ်လေးတွေ

Posted on

ငယ်ကချစ်အနှစ်တစ်ရာမမေ့သာဆိုသလိုပဲ ဂီတလောကထဲကိုရောက်တာ သိပ်မကြာသေးခင် ကာလတွေမှာကတည်းက ချစ်ခဲ့ကြတဲ့ အောင်လနဲ့ဝိုင်းစုတို့ရဲ့အချစ်တွေဟာ အခုချိန်ထိ တည်မြဲနေဆဲပါပဲ။ ကြားထဲမှာ ကတောက်ကဆတွေရှိခဲ့တာမို့ နှစ်ယောက်သား လမ်းခွဲခဲ့ရပေမယ့် အချိန်တန်တော့လည်း ချစ်ရတဲ့သူနှစ်ယောက်ရဲ့ ဆုံဆည်းရမယ့်ကံအတိုင်း ပြန်ပြီး ရွှေလက်တွဲ ကြတာ ကြည်နူးစရာ ပါ။

တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းလာတာလည်းကြာပြီဖြစ်သလို ချစ်ခင်လာတာလည်း ကြာခဲ့ပြီဖြစ်တာကြောင့် အရင်ကလို ကတောက်ကဆတွေမဖြစ်တော့ဘဲ နားလည်မှုရှိရှိနဲ့ လက်တွဲနေတဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးက ပျော်စရာတွေအပြည့်နဲ့ပါ။ ဝါသနာလည်းတူ လျှောက်လှမ်းနေတဲ့လမ်းကြောင်းတွေလည်းတူညီတာမို့ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်း ပေးရင်း တကယ့်ကိုပျော်ရွှင်ကြည်နူးစရာအချစ်ကမ္ဘာလေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဝိုင်းစုကိုအရိပ်တကြည့်ကြည့်နဲ့ချစ်လွန်းတဲ့အောင်လအတွက်တော့ ဝိုင်းစုရဲ့အပြုံးတိုင်းဟာ သူ့အတွက်အင်အားဖြစ်နေခဲ့တာပါ။ လက်ရှိမှာလည်း Covid – 19 ရောဂါကြောင့် ဝိုင်းစုတို့ နှစ်ယောက်သား အပြင်မထွက်ဘဲ အိမ်မှာနေတဲ့ အချိန်လေးကို ရေကူးကန်မှာ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုတွေ ကြည်နူးနေတယ်ဆိုတာ ကြည့်လိုက်ပါဦး နော်။

Happy – Cele Zone
Photo – Wine Su / Aung La

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Wine Su / Aung La