အားလုံးဘေးကင်းစေဖို့အတွက် ကျန်းမာရေးအသိပညာပေးဗီဒီယို ရိုက်ကူးခဲ့ကြတဲ့ ရဲရဲတောက် အနုပညာရှင်တွေ

Posted on

ဒီလိုအချိန်မှာ အားလုံးလိုလို အိမ်မှာပဲနေကြပေမယ့် အနုပညာရှင်တွေကတော့ ကိုယ်တတ်နိုင်တဲ့ အနုပညာရပ်ဝန်းကနေပြီး ပရိသတ် တွေကို အသိပညာဖြစ်စေမယ့် Short Video လေး ရိုက်ကူးခဲ့ ကြတာဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအတွက်တော့ အလုပ်မလုပ် ရင် ဝင်ငွေမရှိတာမို့ မဖြစ်မနေအပြင်သွားရမယ်ဆိုရင်လည်း Mask သေချာအုပ်သွားဖို့နဲ့ မကြာခဏ လက်ဆေးဖို့ကို တိုက်တွန်းခဲ့ကြပါ သေးတယ်။

တတ်နိုင်သူတွေ၊ ပရဟိတအသင်းအဖွဲ့တွေအနေနဲ့လည်း ဒီလိုအချိန်မှာ လက်လှမ်းမှီသလောက် ဝိုင်းဝန်းကူညီပေးနေပြီး ရောဂါမပြန့်ပွား ဖို့ကိုတော့ အားလုံးက စည်းစည်းလုံးလုံးနဲ့ တတ်နိုင် သမျှ အိမ်ထဲမှာပဲ လုံခြုံအောင်နေဖို့ အဓိကပါပဲ။ ဒီအကြောင်းအရာလေးကို မသိသေးတဲ့ သူတွေသိအောင်နဲ့ သိပြီါ်သားသူတွေလည်း ပိုပြီးသတိထားဆင်ခြင်နိုင်အောင် အနုပညာရှင် တွေက ကိုယ်တတ်နိုင်တဲ့အားနဲ့ သတိပေးလှုံ့ဆော်ဖို့ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သုသုတစ်ယောက် ” အိမ်မှာပဲနေပါ မနေ့ကတော့ အပြင်ထွက်ပြီး ပညာပေး short video လေး ရိုက်လိုက်ရတယ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီအချိန်မှာ ပါဝင်လို့ရတဲ့နေရာကနေပါဝင်ပြီး ဒီ COVID -19 ရောဂါကြီးကို အားလုံးနဲ့အတူ ကျော်ဖြတ်ပါ့မယ် အားလုံးပဲ ဒီရောဂါကြီး ကပ်ရောဂါအသွင်မြန်မာပြည်မှာမဖြစ်ပွားရအောင် ကြိုးစားကြရအောင်နော် ” ဆိုပြီး ဝေမျှခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း တတ်နိုင်သမျှတော့ အိမ်မှာပဲနေပါနော်။

Happy – Cele Zone
Photo – Paing Phyoe Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Paing Phyoe Thu