လွန်ခဲ့တဲ့ နှစ် (၂၀) က သူမရဲ့ကလေးဘဝပုံရိပ်တွေနဲ့ လက်ရှိပုံကို ယှဉ်ပြီးပြသခဲ့တဲ့ နေခြည်ဦး

Posted on

လူတော်တော်များများ အပြင်မထွက်ပဲ အိမ်မှာနေရတဲ့နောက်ပိုင်းမှာတော့Facebook ဟာ စိတ်အပန်းဖြေစရာနေရာတစ်ခု ပိုဖြစ်လာခဲ့ပါ တယ်။ ဒီနောက်ပိုင်းမှာတော့ အချင်းချင်း ပျော်စရာ Challenge လေးတွေခေါ်ကြတဲ့အထဲမှာမှ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က ပုံလေးနဲ့ အခုပုံလေးကိုယှဉ်ပြတဲ့ Challenge လေးဟာ ခေတ်စားလာခဲ့ပါတယ်။ တော်တော်များများ ဒီ Challenge လေးမှာ ပါဝင်ခဲ့ကြ နေခြည်ဦးကလည်း သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြသခဲ့ပါတယ်။

ခွဲစိတ်ပြုပြင်မှုတွေမလုပ်ခင်ကတည်းက သူမရဲ့နဂိုအလှလေးဟာ ချစ်ဖို့ကောင်းလွန်းပါတယ်။ ကလေးအရွယ်ဆိုတော့ ပိုပြီးချစ်စရာ ကောင်းတာပေါ့နော်။ ငယ်ငယ်ကတည်းက ပြုံးရွှင်ပြီး ချစ်ဖို့ကောင်းတဲ့ ချီချီဟာ အသက်အရွယ်ရလာသည့်တိုင်လည်း ပေါ့ပေါ့ပါးပါး နေတတ်ပြီး အလုပ်ကြိုးစားတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးကိုလည်း အောင်အောင် မြင်မြင်ထူထောင်နိုင်ခဲ့ပြီး အနုပညာလောကမှာလည်း နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိခဲ့ပါတယ်။

သူမရဲ့ကလေးဘဝနဲ့ လက်ရှိပုံရိပ်လေးတွေကို ” ချီချီကလေး နဲ့ ချီချီလူကြီး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ငယ်ငယ်လေး ကတည်းက ချစ်ဖို့ကောင်းတဲ့ချီချီဟာ အသက်အရွယ် ရလာတာနဲ့အမျှ အလှတွေ ပိုတိုးလာခဲ့တာတော့အမှန်ပါပဲ။ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ပြီး နောက်ပိုင်းမှာ အရင်ထက်လည်း ပိုလှလာသလို သူမရဲ့ လုပ်ငန်းတိုင်းကိုလည်း ယုံကြည်မှုအပြည့် နဲ့ အကောင်းဆုံး လုပ်နေဆဲပါ ပဲ။

Happy – Cele Zone
Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

လြန္ခဲ့တဲ့ ႏွစ္ (၂၀) က သူမရဲ႕ကေလးဘဝပုံရိပ္ေတြနဲ႔ လက္ရွိပုံကို ယွဥ္ၿပီးျပသခဲ့တဲ့ ေနျခည္ဦး

လူေတာ္ေတာ္မ်ားမ်ား အျပင္မထြက္ပဲ အိမ္မွာေနရတဲ့ေနာက္ပိုင္းမွာေတာ့Facebook ဟာ စိတ္အပန္းေျဖစရာေနရာတစ္ခု ပိုျဖစ္လာခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အခ်င္းခ်င္း ေပ်ာ္စရာ Challenge ေလးေတြေခၚၾကတဲ့အထဲမွာမွ လြန္ခဲ့တဲ့ ႏွစ္ (၂၀) ေလာက္က ပုံေလးနဲ႔ အခုပုံေလးကိုယွဥ္ျပတဲ့ Challenge ေလးဟာ ေခတ္စားလာခဲ့ပါတယ္။ ေတာ္ေတာ္မ်ားမ်ား ဒီ Challenge ေလးမွာ ပါဝင္ခဲ့ၾကေနျခည္ဦးကလည္း သူမရဲ႕ငယ္ဘဝပုံရိပ္ေလးေတြကို ျပသခဲ့ပါတယ္။

ခြဲစိတ္ျပဳျပင္မႈေတြမလုပ္ခင္ကတည္းက သူမရဲ႕နဂိုအလွေလးဟာ ခ်စ္ဖို႔ေကာင္းလြန္းပါတယ္။ ကေလးအ႐ြယ္ဆိုေတာ့ ပိုၿပီး ခ်စ္စရာေကာင္းတာေပါ့ေနာ္။ ငယ္ငယ္ကတည္းက ၿပဳံး႐ႊင္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ ခ်ီခ်ီဟာ အသက္အ႐ြယ္ရလာသည့္တိုင္လည္း ေပါ့ ေပါ့ပါးပါးေနတတ္ၿပီး အလုပ္ႀကိဳးစားတဲ့ ထက္ျမက္တဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ကိုယ္ပိုင္စီးပြားေရး ကိုလည္း ေအာင္ေအာင္ျမင္ျမင္ထူေထာင္ႏိုင္ခဲ့ၿပီး အႏုပညာေလာကမွာလည္း ေနရာတစ္ေနရာ ခိုင္ခိုင္မာမာရရွိခဲ့ပါတယ္။

သူမရဲ႕ကေလးဘဝနဲ႔ လက္ရွိပုံရိပ္ေလးေတြကို ” ခ်ီခ်ီကေလး နဲ႔ ခ်ီခ်ီလူႀကီး ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ငယ္ငယ္ေလး ကတည္းက ခ်စ္ဖို႔ေကာင္းတဲ့ခ်ီခ်ီဟာ အသက္အ႐ြယ္ ရလာတာနဲ႔အမွ် အလွေတြ ပိုတိုးလာခဲ့တာေတာ့အမွန္ပါပဲ။ ခြဲစိတ္ျပဳျပင္မႈ ေတြလုပ္ၿပီး ေနာက္ပိုင္းမွာ အရင္ထက္လည္း ပိုလွလာသလို သူမရဲ႕ လုပ္ငန္းတိုင္းကိုလည္း ယုံၾကည္မႈအျပည့္ နဲ႔ အေကာင္း ဆုံး လုပ္ေနဆဲပါပဲ။

Happy – Cele Zone
Photo – Nay Chi Oo