ကိုဗစ်ဖြစ်နေချိန်မှာ ခံစားမိတာတွေကို ရေးသားသီဖွဲ့ပြီး ကိုယ်ပိုင်သီချင်းတစ်ပုဒ်ဖန်တီးလိုက်တဲ့ မေလသံစဉ်

Posted on

မေလသံစဉ်ကတော့ Cover song တွေသီဆိုရာကနေ ပရိသတ်ချစ်ခင်အားပေးမှု ရရှိလာတာပါ။ မြန်မာသံစဉ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ သူတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားပါတယ်။ အနုပညာအရည်အချင်းကောင်းတွေနဲ့ မေလသံစဉ်ကတော့ အဆိုကောင်းရုံသာမက သီချင်းတွေကိုလည်းကိုယ်တိုင်ဖန်တီးနိုင်သူလေးပါ။


အခုလည်း ကပ်ရောဂါကြီးကြောင့် ကမ္ဘာတစ်ဝှမ်းလုံးကလူတွေစိတ်ညစ်နေရတဲ့အချိန်မှာ ပြန်လည်ကျန်းမာလာမယ့်ကမ္ဘာကြီးကိုတွေးပြီး သီချင်းလေးရေးသားထားတာပါ။ဒီသီချင်းထဲမှာတော့ လူအချင်းချင်းအပေါ်မှာသာမက တိရစ္ဆာန်လေးတွေအပေါ်မှာ ကိုယ်ချင်းစာတတ်ကြဖို့ ကိုရေးသားထားတာပါ။ ကပ်ဆိုးတွေကင်းပြီး ကမ္ဘာကြီးပြန်လည်ကျန်းမာလာတဲ့အခါ ချစ်ချစ်ခင်ခင်နဲ့ နေထိုင်သွားကြဖို့တွေကိုလည်း ရေးသားထားတာပါ။ ဒီသီချင်းထဲကစာသားလေးတွေကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ။


ဒီသီချင်းလေးနဲ့ပတ်သက်ပြီး မေလသံစဉ်ကို အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဆိုပြီးတော့ ပရိသတ်တွေကတော့ ချီးကျူးနေကြတာပါ။ မေလသံစဉ်ကတော့ ဒီသီချင်းလေးနာမည်ကို ကိုယ်ချင်းစာ လို့နာမည်ပေးထားတာပါ။ ဒီသီချင်းလေးထွက်ရှိလာဖို့ကို ရင်ခုန်နေကြတဲ့ ပရိသတ်ကြီးက နားထောင်ချင်နေပါပြီလို့ ပြောနေကြပါပြီနော်….
Source : မေလသံစဉ် May Melody
Anna – CeleZone