အပြင်မထွက်ရတဲ့အခြေအနေမှာတောင် မိခင်ဖြစ်သူရဲ့မွေးနေ့ကို ထူးထူးခြားခြားလေး ကျင်းပပေးခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့ ပိုးကြာဖြူခင်ဟာ မိဘကိုတန်ဖိုး ထားပြီး ချစ်ခင်တဲ့သမီးလိမ္မာလေးပါပဲ။ လက်ရှိမှာ ရောဂါပိုးတွေကြောင့် အိမ်ပြင်မထွက်ရတဲ့အခြေအနေဖြစ်နေခဲ့တာတောင် မိခင်ဖြစ်သူရဲ့ မွေးနေ့လေးအတွက် ချစ်စရာကိတ်လေးမှာ မောင်နှမလေးယောက်ရဲ့နာမည်အပြင် အိမ်မှာ မွေးထားတဲ့ ချစ်စရာခွေးလေးနဲ့ နာမည်လေးပါရေးပြီး ည (၁၂) အတိမှာ စပရိုက် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မိခင်ရဲ့မွေးနေ့မှာလည်း စိန်ဆွဲကြိုးလက်ဆောင်ပေးခဲ့ပါသေးတယ်။ ကိုယ်အောင်မြင်လာတဲ့အချိန်မှာ မိဘကိုပြန်ပြီး ကျေးဇူးသိတတ်တာ သားသမီးကောင်းတွေရဲ့ လုပ်ရပ်တစ်ခုပါပဲ။ အမြဲတမ်းမိခင်ကိုဦးစားပေးပြီး စိတ်ချမ်းသာအောင်ထားတတ်တဲ့ သမီးလိမ္မာလေးမို့ ပရိသတ်တွေကလည်း အချစ်ပိုနေခဲ့ရပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အရည် အချင်းကတော့ အထူးပြောစရာမလိုအောင်ပါပဲ။

ပျော်စရာအခိုက်အတန့်လေးတွေကို ” Happy birthday အမေကြီး ဒီနှစ်မွေးနေ့ကစ အသက်ရှည်ကျန်းမာ နုပျိုလှပပြီး ဘဝမှာ ဖြစ်ချင်တာတွေ အားလုံး စိတ်ကူးလိုက်တာနဲ့ တင်အလွယ်တကူ ပြည့်မြောက်ပါစေ ဒီနှစ် birthday လေးကတော့ အိမ်ပြင်မထွက်ရ တဲ့ အခြေအနေကြောင့် အိမ်ထဲမှာပဲ ည၁၂ နာရီတိတိ မှာ surprise လုပ်ပေးခဲ့ပါတယ် ကိတ်ပေါ်က ငြိမ်းဖူးသားအုပ်နိုင်းဆိုတာက ကိုယ်တို့မောင်နှမလေးယောက်နဲ့ ဝုတ်ဝုတ် 99 တို့ကို ကိုယ်စားပြု ပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ Happy Birthday ပါ အန်တီရေ ကျန်းမာပျော်ရွှင် အသက်ရှည်ပါစေနော်။

Happy – Cele Zone
Photo – Poe Kyar Phyu Khin

(ဇော်ဂျီဖြင့်ဖတ်ရန်)

အျပင္မထြက္ရတဲ့အေျခအေနမွာေတာင္ မိခင္ျဖစ္သူရဲ႕ေမြးေန႔ကို ထူးထူးျခားျခားေလး က်င္းပေပးခဲ့တဲ့ ပိုးၾကာျဖဴခင္

ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီးေနာက္ပိုင္း ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိလာခဲ့တဲ့ ပိုးၾကာျဖဴခင္ဟာ မိဘကို တန္ဖိုးထားၿပီး ခ်စ္ခင္တဲ့သမီးလိမၼာေလးပါပဲ။ လက္ရွိမွာ ေရာဂါပိုးေတြေၾကာင့္ အိမ္ျပင္မထြက္ရတဲ့အေျခအေနျ ဖစ္ေနခဲ့တာ ေတာင္ မိခင္ျဖစ္သူရဲ႕ ေမြးေန႔ေလးအတြက္ ခ်စ္စရာကိတ္ေလးမွာ ေမာင္ႏွမေလးေယာက္ရဲ႕နာမည္အျပင္ အိမ္မွာ ေမြးထားတဲ့ ခ်စ္စရာေခြးေလးနဲ႔ နာမည္ေလးပါေရးၿပီး ည (၁၂) အတိမွာ စပ႐ိုက္ လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က မိခင္ရဲ႕ေမြးေန႔မွာလည္း စိန္ဆြဲႀကိဳးလက္ေဆာင္ေပးခဲ့ပါေသးတယ္။ ကိုယ္ေအာင္ျမင္လာတဲ့အခ်ိန္မွာ မိဘကိုျ ပန္ၿပီးေက်းဇူးသိတတ္တာ သားသမီးေကာင္းေတြရဲ႕ လုပ္ရပ္တစ္ခုပါပဲ။ အၿမဲတမ္းမိခင္ကိုဦးစားေပးၿပီး စိတ္ခ်မ္းသာေအာင္ထားတတ္တဲ့ သမီးလိမၼာေလးမို႔ ပရိသတ္ေတြကလည္း အခ်စ္ပိုေနခဲ့ရပါတယ္။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ အရည္အခ်င္းကေတာ့ အထူးေျပာစရာမလိုေအာင္ပါပဲ။

ေပ်ာ္စရာအခိုက္အတန႔္ေလးေတြကို ” Happy birthday အေမႀကီး ဒီႏွစ္ေမြးေန႔ကစ အသက္ရွည္က်န္းမာ ႏုပ်ိဳလွပၿပီး ဘဝမွာ ျဖစ္ခ်င္တာေတြ အားလုံး စိတ္ကူးလိုက္တာနဲ႔ တင္အလြယ္တကူ ျပည့္ေျမာက္ပါေစ ဒီႏွစ္ birthday ေလးကေတာ့ အိမ္ျပင္မထြက္ရ တဲ့ အေျခအေနေၾကာင့္ အိမ္ထဲမွာပဲ ည၁၂ နာရီတိတိ မွာ surprise လုပ္ေပးခဲ့ပါတယ္ ကိတ္ေပၚက ၿငိမ္းဖူးသားအုပ္ႏိုင္း ဆိုတာက ကိုယ္တို႔ေမာင္ႏွမေလးေယာက္နဲ႔ ဝုတ္ဝုတ္ 99 တို႔ကို ကိုယ္စားျပဳ ပါတယ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ Happy Birthday ပါ အန္တီေရ က်န္းမာေပ်ာ္႐ႊင္ အသက္ရွည္ပါေစေနာ္။

Happy – Cele Zone
Photo – Poe Kyar Phyu Khin