ကိုရိုနာကာလတွေမှာ အမေရိကန်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ လုပ်ဆောင်မှုတွေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

Posted on

လက်ရှိမှာတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ချစ်သူနဲ့အတူနေထိုင်တဲ့ ဥက္ကာမင်းမောင် တစ်ယောက် အမေရိကန်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားလုံးသိအောင် ပြောပြခဲ့ပါတယ်။ ဈေးဝယ်ထွက်တာတောင် စုပြုံပြီးမဝယ်ရဘဲ တစ်ယောက်ချင်းစီ သေချာစိစစ်ပြီးမှ စင်တာထဲဝင်ခွင့်ပေးခဲ့ကာ မလိုအပ်ပဲအပြင်ထွက်ရင် ဒဏ်ငွေအဖြစ်  ဒေါ်လာ (250) ကနေ (500) ထိ ကောက်ခံ ကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။

ဒီအကြောင်းတွေကို ” ကိုရိုနာကာလနဲ့ ဒီနိုင်ငံကစည်းကမ်းချက်တွေအကြောင်းတစေ့တစောင်း ဒီနေ့ ဟင်းချက်စရာတွေသွားဝယ်တာ အပြင်မှာ တန်းစီပြီးမှ supermarket ထဲဝင်ရတယ် အထဲမှာ လူအုံမှာစိုးလို့ လူအရေအတွက် ကန့်သတ်ထားတယ် တယောက်ထွက်မှ တယောက် ပေးဝင်တယ် Mask တပ်ပြီးမှဝင်ရပါတယ် Mask မပါရင် သူတို့ mask တခုပေးတယ် နောက် wholesale ပစ္စည်းတွေ ရောင်းတဲ့ Costco မှာလဲ အထဲဝင်ရဖို့ လူတွေတန်းစီနေတာ ဟိုး ခြံဝန်း အပြင်ရောက်တော့မယ် တသုတ်ပြီးမှ တသုတ် ပေးဝင်တယ် ပိုက်ဆံရှင်းတဲ့နေရာမှာလဲ စည်းတွေ တားထားတယ်.. ၆ပေ အကွာစီမှာရပ်ပြီးတန်းစီပြီးမှပိုက်ဆံရှင်းဖို့. ”

” ကိုယ့်မြန်မာနိုင်ငံမှ ကိုယ်ချစ်ရသူတွေ လေ့လာရအောင်အတွက်ရော တခြား ခေါင်းမာပြီး Social distancing နဲ့စည်းကမ်းတွေကို မလိုက်နာချင်တဲ့သူတွေအတွက်ရော အားလုံးလေ့လာ ရအောင်တင်လိုက်ပါတယ် ဒီမှာ မလိုအပ်ပဲ အိမ်အပြင်ထွက်ရင် social distancing guideline တွေကို မလိုက်နာရင် ဒဏ်ငွေ ($250 မှ $500) အထိ ချမှတ်မယ်လို့ တရားဝင် သတင်းထုတ်ပြန် ထားပါတယ် (မြန်မာမီဒီယာတွေ မေးတဲ့အထဲမှာ ကျွန်တော် အဲ့အချိန်က ဖြေထားတုန်းက fine ဘယ်လောက်ကောက်တယ် မသိသေးလို့ မသိဘူးလို့ ဖြေထားခဲ့ပါတယ်) April 1 အထိ အမေရိကန်မှာ သေဆုံးသူ ၅၁၁၀ .. ပြန်လည်ကောင်းမွန် recovered ဖြစ်သူ ၈၈၇၈ ယောက် ရှိပါပြီ ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေး ပိုဂရုစိုက်ကြပါနော်။

Happy – Cele Zone
Photo – Ye Htoo Win

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကို႐ိုနာကာလေတြမွာ အေမရိကန္ရဲ႕ တင္းက်ပ္တဲ့ စည္းကမ္းေတြနဲ႔ လုပ္ေဆာင္မႈေတြကို ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

လက္ရွိမွာေတာ့ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ ခ်စ္သူနဲ႔အတူေနထိုင္တဲ့ ဥကၠာမင္းေမာင္ တစ္ေယာက္ အေမရိကန္ရဲ႕ တင္းက်ပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြကို အားလုံးသိေအာင္ ေျပာျပခဲ့ပါတယ္။ ေဈးဝယ္ထြက္တာေတာင္ စုၿပဳံၿပီးမဝယ္ရဘဲ တစ္ေယာက္ခ်င္းစီ ေသခ်ာစိစစ္ၿပီးမွ စင္တာထဲဝင္ခြင့္ေပးခဲ့ကာ မလိုအပ္ပဲအျပင္ထြက္ရင္ ဒဏ္ေငြအျဖစ္  ေဒၚလာ (250) ကေန (500) ထိ ေကာက္ခံေၾကာင္းေတြကိုလည္း ေျပာျပခဲ့ပါတယ္။

ဒီအေၾကာင္းေတြကို ” ကို႐ိုနာကာလနဲ႔ ဒီႏိုင္ငံကစည္းကမ္းခ်က္ေတြအေၾကာင္းတေစ့တေစာင္း ဒီေန႔ ဟင္းခ်က္စရာ ေတြသြားဝယ္တာ အျပင္မွာ တန္းစီၿပီးမွ supermarket ထဲဝင္ရတယ္ အထဲမွာ လူအုံမွာစိုးလို႔ လူအေရအတြက္ ကန႔္သတ္ထားတယ္ တေယာက္ထြက္မွ တေယာက္ ေပးဝင္တယ္ Mask တပ္ၿပီးမွဝင္ရပါတယ္ Mask မပါရင္ သူတို႔ mask တခုေပးတယ္ ေနာက္ wholesale ပစၥည္းေတြေရာင္းတဲ့ Costco မွာလဲ အထဲဝင္ရဖို႔ လူေတြတန္းစီေနတာ ဟိုး ၿခံဝန္း အျပင္ေရာက္ေတာ့မယ္ တသုတ္ၿပီး မွ တသုတ္ ေပးဝင္တယ္ ပိုက္ဆံရွင္းတဲ့ေနရာမွာလဲ စည္းေတြ တားထားတယ္.. ၆ေပ အကြာစီမွာရပ္ၿပီးတန္းစီ ၿပီးမွပိုက္ဆံရွင္းဖို႔. ”

” ကိုယ့္ျမန္မာႏိုင္ငံမွ ကိုယ္ခ်စ္ရသူေတြ ေလ့လာရေအာင္အတြက္ေရာ တျခား ေခါင္းမာၿပီး Social distancing နဲ႔စည္းကမ္း ေတြကို မလိုက္နာခ်င္တဲ့သူေတြအတြက္ေရာ အားလုံးေလ့လာ ရေအာင္တင္လိုက္ပါတယ္ ဒီမွာ မလိုအပ္ပဲ အိမ္အျပင္ထြက္ရင္ social distancing guideline ေတြကို မလိုက္နာရင္ ဒဏ္ေငြ ($250 မွ $500) အထိ ခ်မွတ္မယ္လို႔ တရားဝင္ သတင္းထုတ္ျပန္ ထားပါတယ္ (ျမန္မာ မီဒီယာေတြ ေမးတဲ့အထဲမွာ ကြၽန္ေတာ္ အဲ့အခ်ိန္က ေျဖထားတုန္းက fine ဘယ္ေလာက္ေကာက္တယ္ မသိေသးလို႔ မသိဘူးလို႔ေျဖထားခဲ့ပါတယ္) April 1 အထိ အေမရိကန္မွာ ေသဆုံးသူ ၅၁၁၀ .. ျပန္လည္ေကာင္းမြန္ recovered ျဖစ္သူ ၈၈၇၈ ေယာက္ ရွိပါၿပီ ” ဆိုၿပီး ရွင္းျပခဲ့ပါတယ္။ ပရိသတ္ႀကီးလည္း က်န္းမာေရး ပိုဂ႐ုစိုက္ၾကပါေနာ္။

Happy – Cele Zone
Photo – Ye Htoo Win