ဆေးလိပ်နံ့မခံနိုင်တဲ့ သူလေးကြောင့် ဆေးလိပ်ဖြတ်လိုက်ပြီဆိုတဲ့ ဘုန်းမင်းနေလ

Posted on

ဘုန်းမင်းနေလကတော့ အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သားကြီးဖြစ်ပြီး ချောမောတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံခံနေရတဲ့ မင်းသားချောလေးပါ ။ ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေလုပ်နေရပေမယ့် အားပေးဝန်းရံနေတဲ့ ပရိသတ်တွေကတော့ အခိုင်အမာပါပဲ ။ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ဖြစ်ရာကနေ အနုပညာလောကထဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်အချစ်တော်လေး ဖြစ်လာခဲ့တာပါ ။

 

 

ဘုန်းမင်းကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးနေကြအနုပညာရှင်တစ်ယောက် ပါ ။ မိန်းကလေး ပရိသတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမယ့် Caption တွေကို ရေးသားလေ့ရှိတဲ့ ဘုန်းမင်းတစ်ယောက်ကတော့ လတ်တလောမှာ ဆေးလိပ်နံ့မခံနိုင်တဲ့ မင်းလေးကြောင့် ကိုယ်ဆေးလိပ်မသောက်တော့တာ ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့အမိုက်စား ပုံရိပ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

မိန်းကလေး ပရိသတ်တွေကတော့ ဘယ်သူ့ကြောင့် ဆေးလိပ်ဖြတ်တာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ ရည်းစားရနေပြီအထင်နဲ့ အသည်းကွဲနေကြပေမယ့် ဘုန်းမင်းလေးကတော့ ပရိသတ်တွေကို April Fool လုပ်လိုက်တာပါတဲ့ ။ ဘုန်းမင်းကိုချစ်တဲ့ Cele Zone ပရိသတ်ကြီးလည်း April Fool လုပ်တာမလို့အသည်းမကွဲကြပါနဲ့တော့နော် ။

Source : Phone Min Nay La
Emily (Cele Zone )

 

ေဆးလိပ္နံ့မခံႏိုင္တဲ့ သူေလးေၾကာင့္ ေဆးလိပ္ျဖတ္လိုက္ၿပီဆိုတဲ့ ဘုန္းမင္းေနလ

 

ဘုန္းမင္းေနလကေတာ့ အကယ္ဒမီ ခင္ဇာျခည္ေက်ာ္ရဲ႕ သားႀကီးျဖစ္ၿပီး ေခ်ာေမာတဲ့ ႐ုပ္ရည္ေၾကာင့္ မိန္းကေလး ပရိသတ္ေတြ သည္းသည္းလႈပ္၀န္းရံခံေနရတဲ့ မင္းသားေခ်ာေလးပါ ။ ေက်ာင္းတစ္ဖက္နဲ႕ အႏုပညာအလုပ္ေတြလုပ္ေနရေပမယ့္ အားေပး၀န္းရံေနတဲ့ ပရိသတ္ေတြကေတာ့ အခိုင္အမာပါပဲ ။ အကယ္ဒမီေရႊႀကိဳအျဖစ္ ပါ၀င္ျဖစ္ရာကေန အႏုပညာေလာကထဲ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပရိသတ္အခ်စ္ေတာ္ေလး ျဖစ္လာခဲ့တာပါ ။

ဘုန္းမင္းကေတာ့ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေန႕စဥ္လႈပ္ရွားမႈနဲ႕ အႏုပညာလႈပ္ရွားမႈ ပံုရိပ္ေတြကို ပရိသတ္ေတြကို မွ်ေ၀ေပးေနၾကအႏုပညာရွင္တစ္ေယာက္ ပါ ။ မိန္းကေလး ပရိသတ္ေတြ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေစမယ့္ Caption ေတြကို ေရးသားေလ့ရွိတဲ့ ဘုန္းမင္းတစ္ေယာက္ကေတာ့ လတ္တေလာမွာ ေဆးလိပ္နံ့မခံႏိုင္တဲ့မင္းေလးေၾကာင့္ ကိုယ္ေဆးလိပ္မေသာက္ေတာ့တာ ဆိုတဲ့ စာသားေလးနဲ႔အတူ သူ႕ရဲ႕အမိ္ုက္စားပံုရိပ္ေတြကိုမွ်ေ၀ေပးလာခဲ့ပါတယ္ ။

မိန္းကေလး ပရိသတ္ေတြကေတာ့ ဘယ္သူ႕ေၾကာင့္ ေဆးလိပ္ျဖတ္တာလဲ ဆိုတဲ့ ေမးခြန္းေတြနဲ႕အတူ ရည္းစားရေနၿပီအထင္နဲ႕ အသည္းကြဲေနၾကေပမယ့္ ဘုန္းမင္းေလးကေတာ့ ပရိသတ္ေတြကို April Fool လုပ္လိုက္တာပါတဲ့ ။ ဘုန္းမင္းကိုခ်စ္တဲ့ Cele Zone ပရိသတ္ႀကီးလည္း April Fool လုပ္တာမလို႕အသည္းမကြဲၾကပါနဲ႕ေတာ့ေနာ္ ။

Source : Phone Min Nay La
Emily (Cele Zone )