Covid-19 နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်ဖို့ ဖေ့ဘွတ်ခ်အကောင့်ဖွင့်လိုက်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

လတ်တလောမှာပြည်သူအားလုံးထိတ်လန့်နေကြတဲ့ Covid – 19 ရောဂါနဲ့ပက်သက်ပြီး အစိုးရပိုင်းတွေအားလုံးကလည်း ထိထိ ရောက်ရောက်နဲ့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ အဖက်ဖက်ကနေ အကုန်လုံးအဆင်ပြေဖို့အတွက် လုပ်ဆောင်နေခဲ့ပြီး ဒီရောဂါဆိုး ကြီးကို ပြည်သူတစ်ရပ်လုံးနဲ့အတူ တက်ညီလက်ညီတွန်းလှန်သွားဖို့အတွက် ပြင်ဆင်ပြီး ကူးစက်ခံရသူ တွေကိုလည်း သေချာဂရုတစိုက် ကုသပေးနေတာပဲဖြစ်ပါတယ်။

အစိုးရပိုင်းက လူကြီးမင်းတော်တော်များများဟာ ဖေ့ဘွတ်ခ်ကိုအသုံးပြုခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အတွက်ကြိုးစားနေခဲ့တာမို့ ဖေ့ဘွတ်ခ်လူမှုကွန်ယက် အသုံးမပြုခဲ့ပါဘူး။ ဒီနေ့မှာတော့ ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံဟာ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါနဲ့ပက်သက်ပြီး ပြည်သူနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့အတွက် ဖေ့ဘွတ်ခ်စတင်အသုံးပြုပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အတိုင်ပင်ခံရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ” Facebook ကိုသုံးဖို့ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးလိုက်ပါတယ်။ ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒီလိုရေးသား ခဲ့ပြီးနောက်မှာတော့ ချစ်သူခင်သူတွေရဲ့ဝန်းရံမှုကြောင့် အကောင့်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ဖေ့ဘွတ်က တရားဝင် သတ်မှတ်ထားတဲ့ ( Blue Mark ) ကို ရရှိခဲ့ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့အတူတူရှိနေတဲ့ အမေစု သက်ရှည်ကျန်းမာပါစေ။

Happy – Cele Zone
Photo – Aung San Su Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

Covid-19 နဲ႔ပက္သက္ၿပီး ျပည္သူေတြနဲ႔ အလြယ္တကူဆက္သြယ္ႏိုင္ဖို႔ ေဖ့ဘြတ္ခ္အေကာင့္ဖြင့္လိုက္ၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္

လတ္တေလာမွာျပည္သူအားလုံးထိတ္လန႔္ေနၾကတဲ့ Covid – 19 ေရာဂါနဲ႔ပက္သက္ၿပီး အစိုးရပိုင္းေတြအားလုံးကလည္း ထိထိေရာက္ေရာက္နဲ႔ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။ အဖက္ဖက္ကေန အကုန္လုံးအဆင္ေျပဖို႔အတြက္ လုပ္ေဆာင္ေနခဲ့ၿပီး ဒီေရာဂါဆိုးႀကီးကို ျပည္သူတစ္ရပ္လုံးနဲ႔အတူ တက္ညီလက္ညီတြန္းလွန္သြားဖို႔အတြက္ ျပင္ဆင္ၿပီး ကူးစက္ခံရသူ ေတြကိုလည္း ေသခ်ာဂ႐ုတစိုက္ ကုသေပးေနတာပဲျဖစ္ပါတယ္။

အစိုးရပိုင္းက လူႀကီးမင္းေတာ္ေတာ္မ်ားမ်ားဟာ ေဖ့ဘြတ္ခ္ကိုအသုံးျပဳခဲ့ၾကေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တိုင္းျပည္အတြက္ႀကိဳးစားေနခဲ့တာမို႔ ေဖ့ဘြတ္ခ္လူမႈကြန္ယက္ အသုံးမျပဳခဲ့ပါဘူး။ ဒီေန႔မွာေတာ့ ျပည္သူတစ္ရပ္လုံးက ေမွ်ာ္လင့္ေနခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံဟာ လတ္တေလာျဖစ္ပြားေနတဲ့ ေရာဂါနဲ႔ပက္သက္ၿပီး ျပည္သူနဲ႔ အလြယ္တကူ ဆက္သြယ္ႏိုင္ဖို႔အတြက္ ေဖ့ဘြတ္ခ္စတင္အသုံးျပဳၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

အတိုင္ပင္ခံရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ” Facebook ကိုသုံးဖို႔ဆႏၵလုံးဝမရွိခဲ့ပါ။ ဒီအခ်ိန္မွာေတာ့ COVID-19 စိန္ေခၚမႈေတြနဲ႔ပတ္သက္ၿပီးျပည္သူေတြနဲ႔ ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ဆက္သြယ္ႏိုင္ဖို႔သုံးလိုက္ပါတယ္။ ” ဆိုၿပီး ေရးသားခဲ့ပါတယ္။ ဒီလိုေရးသား ခဲ့ၿပီးေနာက္မွာေတာ့ ခ်စ္သူခင္သူေတြရဲ႕ဝန္းရံမႈေၾကာင့္ အေကာင့္ဖြင့္ၿပီး သိပ္မၾကာခင္မွာပဲ ေဖ့ဘြတ္က တရားဝင္သတ္မွတ္ထားတဲ့ ( Blue Mark ) ကို ရရွိခဲ့ပါတယ္။ ျပည္သူတစ္ရပ္လံုးနဲ႔အတူတူရွိေနတဲ့ အေမစု သက္ရွည္က်န္းမာပါေစ။

Happy – Cele Zone
Photo – Aung San Su Kyi

error: Content is protected !!