ထီတိုက်နေရင်းနဲ့ ထီဆုတွေဆက်တိုက်ဆိုသလို ကံထူးနေတဲ့ အေသင်ချိုဆွေ

Posted on

ပျော်ပွဲရွှင်ပွဲတွေကျင်းပမှုကိုရပ်နားထားတာကြောင့် အနုပညာရှင်တော်တော်များများလည်း အိမ်မှာပဲနေပြီး ကိုယ့်မိသားစုကို အပြည့်အဝအချိန်ပေးနေခဲ့ပါတယ်။ အခုလည်း အေသင်တစ်ယောက် အိမ်မှာပဲနေရင်း ထိုးထားတဲ့ ထီအုပ်တွေကို တိုက်နေရင်းနဲ့မှ ထီဆုတွေ ကံထူးလာခဲ့တာ လောလောဆယ်အထိတော့ လေးသိန်းထိကံထူးခဲ့ပြီပဲဖြစ်ပါတယ်။ နောက်ထပ်ကံထူးဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။

အားလုံးကြောက်လန့်နေကြတဲ့ ကပ်ဆိုးကြီးကြောင့် မပျော်မရွှင်ဖြစ်နေရတဲ့အချိန်လေးမှာ ထီဆုကိုဆွတ်ခူးနိုင်တာဟာလည်း ပျော်ရွှင်မှုလေးတစ်ခုပဲပေါ့နော်။ အိမ်မှာပဲနေတော့ သမီးလေး Ivy ကိုလည်း ပိုပြီးအချိန်ပေးဖြစ်သွားတာမို့ မေမေအေသင်ရဲ့ stay at home နေ့ရက် တွေဟာ တကယ့်ကိုပျော်စရာအတိဖြစ်နေမှာတော့ အသေအချာပါပဲ။

သူမရဲ့ ပျော်စရာအခိုက်အတန့်လေးကို ” ကဲ ကဲ အိမ်မှာပျင်းနေမှာဆိုးလို့ ထီဝိုင်းတိုက်ပေးပါ။ အနည်းဆုံးသိန်း၅၀ ပေါက်အောင် တိုက်ပေးပါ။ အခုလောလောဆယ်တော့ ၄သိန်း ပေါက်ပြီ။ ဟီး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ နောက်ထပ် အများကြီးထပ်ပြီး ကံထူးပါစေ အေသင်ရေ။

Happy – Cele Zone
Photo – Athen Cho Swe

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Athen Cho Swe