PPE ဝတ်စုံနဲ့ Mask တွေကို ဖြန့်ကျက်လှူဒါန်းပေးသွားမယ့် နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း

Posted on

လိုအပ်တဲ့နေရာတွေကို လက်မနှေးလှူဒါန်းပေးတတ်တဲ့ နှင်းဆီရင်ခွင်လူမှုကူညီရေး ဖောင်ဒေးရှင်းကြီးကတော့ လတ်တလောလိုအပ်ချက်မြင့်မားနေတဲ့ PPE နဲ့ Face Mask တွေကို လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ ပရိသတ်ရဲ့အချစ်တော်နှင်းဆီအဖွဲ့ကတော့ ဒါရိုက်တာမောင်မျိုးမင်းဦးဆောင်ပြီး နေတိုး၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့နဲ့ မင်းသမီးတွေဖြစ်တဲ့ မိုးပြည့်ပြည့်မောင်၊မေကဗျာ၊မိုးယုစံနဲ့ ဖူးစုံတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးပါ။ သူတို့ကတော့ နှင်းဆီအငြိမ့်အဖွဲ့ကနေ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းဆိုပြီး တည်ထောင်ထားကာ လှူဒါန်းမှုတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ရေဘေး၊မီးဘေး စတဲ့လိုအပ်တဲ့နေရာပေါင်းများစွာကို ရံပုံငွေဖျော်ဖြေပွဲတွေပြုလုပ်ပြီး လက်မနှေးလှူဒါန်းခဲ့သူတွေဆိုရင်လည်း မမှားပါဘူး။ ဒီတစ်ခေါက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရံပုံငွေအငြိမ့်ပွဲမလုပ်ဖြစ်ပေမယ့်လည်း ကျန်ရှိနေတဲ့အလှူငွေတွေနဲ့ လှူဒါန်းပေးသွားမှာပါ။ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ Covid-19 တိုက်ဖျက်ရေးအတွက် PPE ဝတ်စုံများ၊ Face mask များကို ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများမှတဆင့် လိုအပ်တဲ့နေရာတွေကိုဖြန့်ကျက်လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အချိန်နဲ့တပြေးညီလှူဒါန်းမှုများ၊ အသိပညာပေးမှုများကိုလည်း နိုင်ငံတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… လတ်တလောမှာတော့ အနုပညာရှင်တော်တော်များများ တတ်အားသရွေ့ လှူဒါန်းမှုတွေပြုလုပ်နေကြပြီး နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းကလည်း တစ်တပ်တစ်အားပါဝင်လှူဒါန်းခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။


Source – နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း
Ki Ki – Cele Zone