မင်္ဂလာ သတင်းကြားရတော့မှာလား ဟန်တီ

Posted on

ဟန်တီကိုတော့ မြန်မာဂုဏ်ဆောင်အလှမယ်တစ်ယောက်အနေနဲ့ မြန်မာပရိသတ်တွေသိကြမှာပါ။ အရပ်မြင့်မြင့်မားမားနဲ့အတူ သွယ်လျလျခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာ့ကိုယ်စားပြုအနေနဲ့အလှမယ်ပွဲတွေမှာ ဆုရရှိထားသလို Asia Model Award ကိုလည်း ရရှိထားသူတစ်ယောက်ပါ။


မကြာသေးခင်ကကျင်းပခဲ့တဲ့ Myanmar’s Pride Award မှာဆိုရင်လည်း Best in Glamour ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ဒီလိုမျိုးအရည်အချင်းကောင်းတွေပိုင်ဆိုင်ထားတဲ့ ဟန်တီကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောလေ့မရှိပါဘူး။ ဒါပေမဲ့လည်းဒီနေ့မှာတော့ ပရိသတ်တွေအသည်းကွဲသွားရမယ့်သတင်းတစ်ခုကိုတော့ အသိပေးလာခဲ့တာပါ။


အဲ့ဒါကတော့ဟန်တီက သူ့ရဲ့ဖေ့ဘွတ်မှာ “Pre-Wedding Photo တွေတော့ ရိုက်ပြီးပြီ~ မကြာမှီလာမည်မျှော် “လို့ရေးသားထားတာပါ။ မကြာခင်မှာ သတင်းထူးတွေနဲ့ဓာတ်ပုံတွေကို ပရိသတ်ကိုချပြဦးမဲ့ပုံပါပဲနော်။ ပရိသတ်တွေကတော့ဟန်တီတစ်ယောက်စနောက်ပြီးတင်နေတာလားလို့ထင်နေပေမဲ့ ဟန်တီကတော့ တကယ်ပြောတာလို့ဆိုပါတယ်။ ဟန်တီပြောမယ့်သတင်းထူးအတွက် ရင်ခုန်နေကြပြီလား ပရိသတ်ကြီးရေ….
Source:HanThi
Anna – CeleZone