စမိုင်းလ်နဲ့အတူတူအဓိဌာန်ဝင်ရင်း သိန်းထောင်ချီ ထီဆုကြီးကံထူးသွားသူ အမျိုးသမီး

Posted on

အလှူအတန်းဆိုလည်းလက်မနှေးတတ်သလို ဘာသာတရားလည်းကိုင်းရှိုင်းတတ်တဲ့ စမိုင်းလ်ဟာ သူမလိုမျိုး ဘာသာတရားလုပ်သူတွေ အတွက် စားရိတ်အကုန်အကျခံပေးပြီး ညောင်ဆယ်ပင်အဓိဌာန်အတွက် ကူညီပြုလုပ်ပေးခဲ့ပါတယ်။ အခုလို ရောဂါတွေမဖြစ်ခင်က အုပ်စုလိုက်အတူတူ ခရီးတွေထွက်ပြီး အဓိဌာန်တွေဝင်ခဲ့ကြပေမယ့် ရောဂါတွေပြန့်ပွားပြီး နောက်ပိုင်းမှာတော့ အိမ်မှာပဲ ဘုရားတရား ကိုယ်စီလုပ်စေခဲ့ပါတယ်။

သူမနဲ့အတူတူ အဓိဌာန်ဝင်သူတွေဟာ မကြာခဏဆိုသလို ထီဆုတွေဆွတ်ခူးတတ်ကြပြီး ဒီတစ်ခေါက်ကတော့ တကယ့်ကိုကြီးကြီး မားမားဆုကြီးကိုဆွတ်ခူးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ လတွေတုန်းက သိန်း (၁၀၀) ဆုဆွတ်ခူးနိုင်ခဲ့ပြီး နောက်ထပ် ထီဆုအသေးအမွှားလေးတွေ အများကြီးပေါက်ခဲ့ပေမယ့် ဒီလမှာတော့ ထီဆုကြီးထဲကတစ်ဆုဖြစ်တဲ့ သိန်း (၁၀၀၀) ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒီလိုကြည်နူးစရာအကြောင်းလေးကို ” အရမ်းပျော်လွန်းလို့တင်ပါရစေနော် ကိုယ့်ကြောင့် တစ်ဖက်သားအဆင်ပြေသွားတယ်ဆိုရင်ပဲ ကျမဦးဆောင်ရကျိုးနပ်ပါတယ် တကယ်ပါ အရမ်းကိုပျော်နေပါပြီ ဒါပေမဲ့အခုလို ရောဂါတွေများနေတဲ့အချိန် အပြင်မှာအဓိဌာန်မလုပ်ပဲ ကိုယ့်အိမ်ကနေပဲ ဘုရားရှစ်ခိုးအဓိဌာန်ဝင်ကြမယ်နော် ဒီကပ်ဆိုးကြီးပြီးသွားရင် အဓိဌာန်တွေ အတူတူအများကြီးဝင်ကြမယ်နော် ” ဆိုပြီး စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

စမိုင္းလ္နဲ႔အတူတူအဓိဌာန္ဝင္ရင္း သိန္းေထာင္ခ်ီ ထီဆုၾကီးကံထူးသြားသူ အမ်ိဳးသမီး

အလႉအတန္းဆိုလည္းလက္မေႏွးတတ္သလို ဘာသာတရားလည္းကိုင္းရႈိင္းတတ္တဲ့ စမိုင္းလ္ဟာ သူမလိုမ်ိဳး ဘာသာတရားလုပ္ သူ ေတြအတြက္ စားရိတ္အကုန္အက်ခံေပးၿပီး ေညာင္ဆယ္ပင္အဓိဌာန္အတြက္ ကူညီျပဳလုပ္ေပးခဲ့ပါတယ္။ အခုလို ေရာဂါေတြမျဖစ္ခင္က အုပ္စုလိုက္အတူတူ ခရီးေတြထြက္ၿပီး အဓိဌာန္ေတြဝင္ခဲ့ၾကေပမယ့္ ေရာဂါေတြျပန႔္ပြားၿပီး ေနာက္ပိုင္းမွာေတာ့ အိမ္မွာပဲ ဘုရားတရားကိုယ္စီလုပ္ေစခဲ့ပါတယ္။

သူမနဲ႔အတူတူ အဓိဌာန္ဝင္သူေတြဟာ မၾကာခဏဆိုသလို ထီဆုေတြဆြတ္ခူးတတ္ၾကၿပီး ဒီတစ္ေခါက္ကေတာ့ တကယ့္ကိုႀကီး ႀကီးမားမားဆုႀကီးကိုဆြတ္ခူးႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ လေတြတုန္းက သိန္း (၁၀၀) ဆုဆြတ္ခူးႏိုင္ခဲ့ၿပီး ေနာက္ထပ္ ထီဆုအေသး အမႊားေလးေတြ အမ်ားႀကီးေပါက္ခဲ့ေပမယ့္ ဒီလမွာေတာ့ ထီဆုႀကီးထဲကတစ္ဆုျဖစ္တဲ့ သိန္း (၁၀၀၀) ဆြတ္ခူးႏိုင္ခဲ့တာပါ။

ဒီလိုၾကည္ႏူးစရာအေၾကာင္းေလးကို ” အရမ္းေပ်ာ္လြန္းလို႔တင္ပါရေစေနာ္ ကိုယ့္ေၾကာင့္ တစ္ဖက္သားအဆင္ေျပ သြားတယ္ဆိုရင္ပဲ က်မဦးေဆာင္ရက်ိဳးနပ္ပါတယ္ တကယ္ပါ အရမ္းကိုေပ်ာ္ေနပါၿပီ ဒါေပမဲ့အခုလို ေရာဂါေတြမ်ားေနတဲ့အခ်ိန္ အျပင္မွာအဓိဌာန္မလုပ္ပဲ ကိုယ့္အိမ္ကေနပဲ ဘုရားရွစ္ခိုးအဓိဌာန္ဝင္ၾကမယ္ေနာ္ ဒီကပ္ဆိုးႀကီးၿပီးသြားရင္ အဓိဌာန္ေတြ အတူတူအမ်ား ႀကီးဝင္ၾကမယ္ေနာ္ ” ဆိုၿပီး စမိုင္းလ္က သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။

Happy – Cele Zone
Photo – Smile