Covid – 19 ရောဂါကို ကာကွယ်နိုင်မယ့်ဆေးနည်းတွေဆိုပြီး ဟာသဗီဒီယိုလေးနဲ့ စနောက်လိုက်တဲ့ ကျော်ကျော်

Posted on

လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် အများပြည်သူတွေ ထိတ်လန့်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေကြတဲ့ အချိန် ဖြစ်ပါတယ်။ အနုပညာရှင်တွေလည်း ပွဲတွေလက်မခံတော့ပဲ အိမ်ထဲမှာနေပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အမျိုးမျိုး ဖန်တီးပေးတတ်ကြပါသေးတယ်။ အမြဲတမ်း စနောက်ပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်အဖွဲ့ကတော့ ဒီတစ်ခေါက်မှာ လည်း ထပ်ပြီး စနောက်လိုက်ပြန်ပါပြီ။

ဆေးနည်းပေါင်းစုံကို မက်စင်ဂျာမှာ အသံဖိုင်တွေနဲ့ လာပို့ကြသူတွေ အများအပြားရှိပြီး ဒါနဲ့ပက်သက်လို့ ယုံကြည်သူတွေရှိသလို မယုံကြတဲ့သူတွေလည်းရှိပါတယ်။ အမှန်တကယ် ကမ္ဘာပေါ်မှာလည်း ဒီရောဂါကို အပျောက်ကုနိုင်ဖို့ ဆေး အတိအကျ မပေါ်သေးပါဘူး။ ဒီလိုအသံဖိုင်တွေနဲ့ လာပို့တဲ့အပေါ်မှာ ကျော်ကျော်က ပြန်လည်စနောက်ပြီး အခွီဗီဒီယိုလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သုံးယောက်သားအတူတူမရှိနိုင်တော့လည်း ဗီဒီယိုကောလေးနဲ့ပဲ အလွမ်းဖြေနေကြတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ်ကလည်း အတော်လေး နက်ရှိုင်းပါတယ်နော်။ ဒီဟာသ ဗီဒီယိုလေးကိုတော့ ” ဝူဟန်ပျောက်ဆေးနည်းအား ကျော်ကြီးမှ မှာကြား ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာ အချိန်ကြာကြာနေပြီး ပျင်းနေတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့် ဟာသလေးပါပဲ။

Happy – Cele Zone
Photo – N-H-K ဗရမ်းပတာ ဘီအက်ဖ်အက်ဖ်များ

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone