အပြင်မထွက်ဘဲ အိမ်မှာနေရင်းနဲ့ အကပြိုင်နေကြတဲ့ ဝါဆိုမိုးဦးတို့ ညီမလေးယောက်ရဲ့ ဗီဒီယို

Posted on

အခုလတ်တလောမှာဖြစ်ပွားနေတဲ့ Covid – 19 ရောဂါပိုးကြောင့် အပြင်မထွက်ဘဲ အိမ်မှာပဲနေကြ သူတွေများပါတယ်။ ဒီထဲမှာ အနုပညာရှင်တွေလည်း အပါအဝင်ပါပဲ။ အရင်လို သွားလာလှုပ်ရှား မလုပ်ရတော့ပဲ အိမ်ထဲမှာပဲ နေနေရတော့ အနည်းငယ်တော့ ပျင်းသလိုလိုဖြစ်ပေမယ့် ဒါဟာ လည်း ရောဂါကိုကာကွယ်တာလည်းဖြစ်သလို နိုင်ငံတော်အတွက်လည်း ရောဂါပြန့်ပွားမှုနှုန်း ကျဆင်းရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

အလုပ်တွေတော်တော်များများလည်း work from home ဖြစ်ကုန်ကြပြီး ကျောင်းတွေလည်း ပိတ်ခဲ့သလို အရင်က လူစည်ခဲ့တဲ့ လမ်းမကြီးတွေဟာလည်း ခြောက်ကပ်ကုန်ပါတယ်။ အိမ်ထဲမှာ နေရတဲ့အချိန်တွေဟာ တစ်ပတ်လောက်ဆိုရင် ရိုးအီပြီး ပျင်းရိလာတဲ့ ခံစားချက်ကတော့ အားလုံးအတူတူပါပဲ။ ဒီအချိန်မှာ အနုပညာရှင်တွေဟာ ပရိသတ်တွေကို လူမှုကွန်ယက်ပေါ် ကနေ တဆင့် ဖျော်ဖြေနေခဲ့ပါသေးတယ်။

ဒီထဲမှာ ဝါဆိုမိုးဦးတို့ ညီမလေးယောက်လည်း အပါအဝင်ပါပဲ။ သူမတို့လေးယောက်အတူ ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို ” Stay home ရောဂါကာကွယ် တို့ညီမတွေ ပျော်အောင်နေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ လေးယောက်လုံးရဲ့ လှပလွန်းတဲ့ ကောက်ကြောင်းတွေဟာ အိမ်နေရင်းအဝတ်အစားလေးတွေနဲ့တောင် ကြည့်ကောင်းလွန်းနေတာတော့အမှန်ပါပဲ။

Happy – Cele Zone
Photo – Warso Moe Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

အပြင်မထွက်ပဲ အိမ်မှာနေရင်းနဲ့ အကပြိုင်နေကြတဲ့ ဝါဆိုမိုးဦးတို့ ညီမလေးယောက်ရဲ့ ဗီဒီယို




Happy – Cele Zone
Photo – Warso Moe Oo