သူငယ်ချင်းတွေလို့ထင်ရလောက်အောင်ကို မိုက်လွန်းနေတဲ့ ခင်ဇာခြည်ကျော်တို့ သားမိနှစ်ယောက်

Posted on

အနုပညာအလုပ်တွေကိုအတူတူလုပ်နေကြပြီဖြစ်တဲ့ ခင်ဇာခြည်ကျော်နဲ့ သူမရဲ့သား ဘုန်းမင်းနေလတို့နှစ်ယောက်သား မေမြို့သွားခဲ့ စဉ်က ရိုက်ကူးထားတဲ့ snap ပုံရိပ်လေးတွေကို မေမေခင်ဇာခြည်ကျော်က ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အရမ်းကိုနုပြီးချောလွန်းနေတဲ့ မေမေနဲ့ ဆယ်ကျော်သက်သားလေးတို့နှစ်ယောက်ပုံရိပ်တွေဟာ သားမိလို့တောင် ထင်ရက်စရာမရှိ လောက်အောင်ကို မိုက်လွန်းနေပါ တယ်။

ချစ်စရာသားလေးနဲ့သမီးလေးကို ပိုင်ဆိုင်ထားပြီး တစ်ယောက်တည်းရဲ့ ခွန်အားနဲ့ သားသမီး နှစ်ယောက်ရဲ့ဘဝကို အကောင်းမွန်ဆုံး ပျိုးထောင်ပေးနိုင်ခဲ့တာကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ အမေ့ခြေရာကိုအပြည့်အဝနင်းမယ့် သားသမီးတွေကတော့ မိခင်နဲ့အတူ အနုပညာလုပ်ငန်းတွေလုပ်ဖို့ ခြေလှမ်းစနေပြီပဲဖြစ်ပါတယ်။

သားမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ” မေမြို့ သွားတုံးကသားမိနှစ်ယောက် စရင်းနောက်ရင်း Snap ပုံလေးတွေ ” ဆိုပြီး ဝေမျှထား တာပဲဖြစ်ပါတယ်။ အနက်ရောင် ဝတ်စုံလေးနဲ့ မိမိုက်လွန်း နေတဲ့ သားမိနှစ်ယောက်ကတော့ တကယ့်ကိုအမိုက်စားပါပဲ။ အမေနဲ့သား လို့တောင် ထင်ရက်စရာမရှိအောင်ကို မိုက်နေတဲ့ပုံရိပ်တွေကို ဝေမျှပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Khin Zar Chi Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

သူငယ္ခ်င္းေတြလို႔ထင္ရေလာက္ေအာင္ကို မိုက္လြန္းေနတဲ့ ခင္ဇာျခည္ေက်ာ္တို႔ သားမိႏွစ္ေယာက္

အႏုပညာအလုပ္ေတြကိုအတူတူလုပ္ေနၾကၿပီျဖစ္တဲ့ ခင္ဇာျခည္ေက်ာ္နဲ႔ သူမရဲ႕သား ဘုန္းမင္းေနလတို႔ႏွစ္ေယာက္သား ေမၿမိဳ႕သြားခဲ့စဥ္က ႐ိုက္ကူးထားတဲ့ snap ပုံရိပ္ေလးေတြကို ေမေမခင္ဇာျခည္ေက်ာ္က ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ အရမ္းကိုႏု ၿပီးေခ်ာလြန္းေနတဲ့ ေမေမနဲ႔ ဆယ္ေက်ာ္သက္သားေလးတို႔ႏွစ္ေယာက္ပုံရိပ္ေတြဟာ သားမိလို႔ေတာင္ ထင္ရက္စရာမရွိ ေလာက္ေအာင္ကို မိုက္လြန္းေနပါတယ္။

ခ်စ္စရာသားေလးနဲ႔သမီးေလးကို ပိုင္ဆိုင္ထားၿပီး တစ္ေယာက္တည္းရဲ႕ ခြန္အားနဲ႔ သားသမီး ႏွစ္ေယာက္ရဲ႕ဘဝကို အေကာင္းမြန္ဆုံး ပ်ိဳးေထာင္ေပးႏိုင္ခဲ့တာကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာပါပဲ။ အေမ့ေျခရာကိုအျပည့္အဝနင္းမယ့္ သားသမီးေတြကေတာ့ မိခင္နဲ႔ အတူ အႏုပညာလုပ္ငန္းေတြလုပ္ဖို႔ ေျခလွမ္းစေနၿပီပဲျဖစ္ပါတယ္။

သားမိႏွစ္ေယာက္ရဲ႕ ပုံရိပ္ေလးေတြကို ” ေမၿမိဳ႕ သြားတုံးကသားမိႏွစ္ေယာက္ စရင္းေနာက္ရင္း Snap ပုံေလးေတြ ” ဆိုၿပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ အနက္ေရာင္ ဝတ္စုံေလးနဲ႔ မိမိုက္လြန္း ေနတဲ့ သားမိႏွစ္ေယာက္ကေတာ့ တကယ့္ကို အမိုက္စားပါပဲ။ အေမနဲ႔သားလို႔ေတာင္ ထင္ရက္စရာမရွိေအာင္ကို မိုက္ေနတဲ့ပုံရိပ္ေတြကို ေဝမွ်ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Khin Zar Chi Kyaw