ရယ်လဲရယ်ရ ချစ်စရာလည်းကောင်းလွန်းတဲ့ သုသုနဲ့ လင်းလင်းတို့ရဲ့ Tik Tok ဗီဒီယို

Posted on

လုပ်ငန်းတူသူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ပြောမနာဆိုမနာတွေ ဖြစ်ကြတဲ့ သုသုနဲ့ လင်းလင်းတို့ နှစ်ယောက် သား Tik Tok ဗီဒီယိုလေး ရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။ သီချင်းမရပေမယ့် စာသားတွေဝါးချပြီး ဟန်ပန်နဲ့ဆိုနေတဲ့ သုသုရဲ့ပုံလေးက ရယ်ချင်စရာလေးပါ။ နှစ်ယောက်သားအတွဲညီပုံက စားအတူ သွားအတူ အင်တာဗျူးတွေ ဖြေရင်လည်း တစ်ယောက်နဲ့တစ်ယောက် အရွှန်းဖောက်ပြီး စနောက်တတ်ကြပါသေးတယ်။

အဆင်မပြေတဲ့အချိန်တွေရော အဆင်ပြေတဲ့အချိန်တွေရော အကုန်လုံးမှာ အတူတူရှိနေပေးတဲ့ ဘုရားကလက်ဆောင်ပေးတဲ့ သူငယ်ချင်း ကောင်းတွေပါပဲ။ ရုပ်ရှင်လည်း အတူတူရိုက်ကူးပြီး အောင်မြင်ခဲ့တာကြောင့် နောက်ထပ်ဇာတ်ကားတစ်ကားလည်း ထပ်မံရိုက်ကူးခဲ့ပါ သေးတယ်။ မိတ်ကပ်လောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်သူတွေအဖြစ်နဲ့ နေရာတစ်နေရာ အခိုင်အမာရထားခဲ့သူ တွေလည်းဖြစ်ပါတယ်။

 

သူမတို့နှစ်ယောက်ရဲ့ အခွီ Tik Tok လေးကို ” မင်းသမီးလေး ဝါးဝါး နဲ့ သွက်သွက်ခါးတို့ရဲ့ အလှ ” ဆိုပြီး လင်းလင်းက ဝေမျှခဲ့တာပဲဖြစ်ပါ တယ်။ အရမ်းကိုစကားတတ်ပြီး နောက်တတ်တဲ့ လင်းလင်းနဲ့ ဘယ်လိုဟန်ပန်မျိုးကိုမဆို ပုံဖော်ပြီး ဟာသလုပ်နိုင်စွမ်းရှိတဲ့ သုသုတို့ နှစ်ယောက်ကတော့ တကယ့်ကိုအတွဲညီတဲ့ သူငယ်ချင်းတွေပါပဲ။

Happy – Cele Zone
Photo – Lin Linn

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရယ္လဲရယ္ရ ခ်စ္စရာလည္းေကာင္းလြန္းတဲ့ သုသုနဲ႔ လင္းလင္းတို႔ရဲ႕ Tik Tok ဗီဒီယို

လုပ္ငန္းတူသူငယ္ခ်င္းေတြျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း ေျပာမနာဆိုမနာေတြ ျဖစ္ၾကတဲ့ သုသုနဲ႔ လင္းလင္း တို႔ႏွစ္ေယာက္သား Tik Tok ဗီဒီယိုေလး ႐ိုက္ကူးထားတာ ပဲျဖစ္ပါတယ္။ သီခ်င္းမရေပမယ့္ စာသားေတြဝါးခ်ၿပီး ဟန္ပန္နဲ႔ဆို ေနတဲ့ သုသုရဲ႕ပုံေလးက ရယ္ခ်င္စရာေလးပါ။ ႏွစ္ေယာက္သားအတြဲညီပုံက စားအတူ သြားအတူ အင္တာဗ်ဴးေတြ ေျဖရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ အ႐ႊန္းေဖာက္ၿပီး စေနာက္တတ္ၾကပါေသးတယ္။

အဆင္မေျပတဲ့အခ်ိန္ေတြေရာ အဆင္ေျပတဲ့အခ်ိန္ေတြေရာ အကုန္လုံးမွာ အတူတူရွိေနေပးတဲ့ ဘုရားကလက္ေဆာင္ေပးတဲ့ သူငယ္ခ်င္းေကာင္းေတြပါပဲ။ ႐ုပ္ရွင္လည္း အတူတူ႐ိုက္ကူးၿပီး ေအာင္ျမင္ခဲ့တာေၾကာင့္ ေနာက္ထပ္ဇာတ္ကားတစ္ကားလည္း ထပ္ မံ႐ိုက္ကူးခဲ့ပါေသးတယ္။ မိတ္ကပ္ေလာကမွာေရာ သ႐ုပ္ေဆာင္ေလာကမွာပါ ေအာင္ျမင္သူေတြအျဖစ္နဲ႔ ေနရာတစ္ေနရာ အခိုင္အမာရထားခဲ့သူေတြလည္းျဖစ္ပါတယ္။

သူမတို႔ႏွစ္ေယာက္ရဲ႕ အခြီ Tik Tok ေလးကို ” မင္းသမီးေလး ဝါးဝါး နဲ႔ သြက္သြက္ခါးတို႔ရဲ႕ အလွ ” ဆိုၿပီး လင္းလင္းက ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ အရမ္းကိုစကားတတ္ၿပီး ေနာက္တတ္တဲ့ လင္းလင္းနဲ႔ ဘယ္လိုဟန္ပန္မ်ိဳးကိုမဆို ပုံေဖာ္ၿပီး ဟာသလုပ္ႏိုင္စြ မ္းရွိတဲ့ သုသုတို႔ႏွစ္ေယာက္ကေတာ့ တကယ့္ကိုအတြဲညီတဲ့ သူငယ္ခ်င္းေတြပါပဲ။

Happy – Cele Zone
Photo – Lin Linn