ဆယ်ကျော်သက်လေးတစ်ယောက်လို ဟန်ပန်အမူအရာနဲ့ အပျိုကြီးမအေးသောင်းရဲ့ Tik Tok ဗီဒီယို

Posted on

စိတ်ပျိုကိုယ်နုဆိုတဲ့စကားလေးအတိုင်း အပျိုကြီးမအေးသောင်းတစ်ယောက် မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး လှနေသလို လူငယ်လေးလို ဝတ်လိုက်တော့လည်း ဆယ်ကျော်သက်လေးတစ်ယောက်လို ပေါ့ပါးလန်းဆန်းနေပုံက ချစ်စရာကောင်းလွန်းပါတယ်။ မကြာခဏဆိုသလို Tik Tok လေးတွေ ကစားတတ်ပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက် တတ်ပါသေးတယ်။

အနုပညာသက်တမ်းဟာလည်း ကြာမြင့်ခဲ့ပြီဖြစ်ပြီး ငယ်စဉ်ကတည်းက အကျွမ်းတဝင်ရှိခဲ့တဲ့ အနုပညာအလုပ်တွေကို အခုလိုအရွယ် တစ်ခုရောက်လာချိန်မှာ ပြန်ပြီးလုပ်တော့လည်း ပရိသတ်တွေရဲ့ နွေးထွေးတဲ့အားပေးကြိုဆိုမှုတွေကို ရရှိခဲ့ပါတယ်။ လုံးကြီးပေါက်လှ အပျိုကြီးတစ်ယောက်ကတော့ ညိုပြာညက်ဆိုသလို အညိုစင်လေးမို့ တကယ့်ကို မြန်မာဆန်တဲ့ အလှတရားပါပဲ။

No အဖွဲ့ရဲ့သီချင်းလေးနဲ့ ကားပေါ်မှာ ဂျင်းဝတ်စုံလေးဝတ်ပြီး ဟန်ပန်အမူအရာလေးလုပ်နေတဲ့ အပျိုကြီးကတော့ အသည်းယားချင်စရာ လေးပါ။ သူမရဲ့ချစ်စဖွယ် Tik Tok လေးကို ” အသက်ကြီးပေမဲ့ ဘယ်နေရာအချိန်စီးနေလဲမသိသော တီလေး ” ဆိုပြီး တင်ထားတာပဲဖြစ် ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်အောင်ဖမ်းစားနိုင်လွန်းသူ အပျိုကြီးပါပဲ။

Happy – Cele Zone
Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဆယ္ေက်ာ္သက္ေလးတစ္ေယာက္လို ဟန္ပန္အမူအရာနဲ႔ အပ်ိဳႀကီးမေအးေသာင္းရဲ႕ Tik Tok ဗီဒီယို

စိတ္ပ်ိဳကိုယ္ႏုဆိုတဲ့စကားေလးအတိုင္း အပ်ိဳႀကီးမေအးေသာင္းတစ္ေယာက္ ျမန္မာဝတ္စုံေလးေတြနဲ႔ ယဥ္ယဥ္ေလး လွေနသလို လူငယ္ေလးလို ဝတ္လိုက္ေတာ့လည္း ဆယ္ေက်ာ္သက္ေလးတစ္ေယာက္လို ေပါ့ပါးလန္းဆန္းေနပုံက ခ်စ္စရာေကာင္းလြန္းပါတယ္။ မၾကာခဏဆိုသလို Tik Tok ေလးေတြ ကစားတတ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမူအရာေလး ေတြနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္တတ္ပါေသးတယ္။

အႏုပညာသက္တမ္းဟာလည္း ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ငယ္စဥ္ကတည္းက အကြၽမ္းတဝင္ရွိခဲ့တဲ့ အႏုပညာအလုပ္ေတြကို အခုလို အ႐ြယ္တစ္ခုေရာက္လာခ်ိန္မွာ ျပန္ၿပီးလုပ္ေတာ့လည္း ပရိသတ္ေတြရဲ႕ ေႏြးေထြးတဲ့အားေပးႀကိဳဆိုမႈေတြကို ရရွိခဲ့ပါတယ္။ လုံးႀကီးေပါက္လွ အပ်ိဳႀကီးတစ္ေယာက္ကေတာ့ ညိဳျပာညက္ဆိုသလို အညိဳစင္ေလးမို႔ တကယ့္ကို ျမန္မာဆန္တဲ့ အလွတရားပါပဲ။

No အဖြဲ႕ရဲ႕သီခ်င္းေလးနဲ႔ ကားေပၚမွာ ဂ်င္းဝတ္စုံေလးဝတ္ၿပီး ဟန္ပန္အမူအရာေလးလုပ္ေနတဲ့ အပ်ိဳႀကီးကေတာ့ အသည္း ယားခ်င္စရာေလးပါ။ သူမရဲ႕ခ်စ္စဖြယ္ Tik Tok ေလးကို ” အသက္ႀကီးေပမဲ့ ဘယ္ေနရာအခ်ိန္စီးေနလဲမသိေသာ တီေလး ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါ တယ္။ ဘယ္အခ်ိန္ၾကည့္ၾကည့္ ရင္ခုန္ေအာင္ဖမ္းစားႏိုင္လြန္းသူ အပ်ိဳႀကီးပါပဲ။

Happy – Cele Zone
Photo – Aye Thaung