သားလေးမွေးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ သူမရဲ့စိတ်နေစိတ်ထားတွေကို ပြောပြလာတဲ့ ပိုးအိအိခန့်

Posted on

မိခင်တိုင်းဟာ ကိုယ့်ရဲ့သားသမီးတွေအတွက် အကောင်းမွန်ဆုံးတွေပေးချင်ကြသူတွေချည်းပါ။ ကိုယ့်မှာသားသမီးလေးတွေ ရှိလာပြီဆိုရင် ဒီသားသမီးလေးတွေကို ကာကွယ်ဖို့နဲ့ အကောင်းဆုံး ကြီးပြင်းလာဖို့အတွက် အစွမ်းကုန်ကြိုးစားပြီး ရုန်းကန်ချင်ကြသူ တွေပါပဲ။ အိမ်ထောင်ပြုပြီး နောက်ပိုင်း အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး သားလေးအတွက် အချိန်တွေအကုန် ပေးထားတဲ့ မေမေပိုးအိအိခန့်ကတော့ သားလေးရဲ့မွေးနေ့မှာ သူမရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

” ဒီနေ့ မေမေ့သားလေး ၈လပြည့်ပြီ သားလေးမွေးပြီးတော့ မေမေ အများကြီးပြောင်းလဲသွားတယ် သိလား နံပါတ်(၁) မေမေ အရင်က ထက် အများကြီး ဝလာတယ် (တစ်ချို့ကတော့ လှတယ်ပြောကြဆဲပါ) နံပါတ်(၂)မေမေ အလုပ်မလုပ်နိုင်တော့ဘူး လုပ်ဖို့လည်း သားလေးကို စိတ်မချတဲ့စိတ်နဲ့ တွန့်ဆုတ် နေမိတယိ သားလေးကို အကြာကြီး ဘယ်သူနဲ့မှ စိတ်ချပြီးမထားခဲ့ နိုင်ဘူး နံပါတ် (၃) မေမေ စိတ်မရှည်တော့ဘူး တစ်ခုခုဆို စိတ်တိုလွယ်နေပြီ အမှားမခံတော့ဘူး နံပါတ် (၄) သားနဲ့ ပတ်သက်ရင် မေမေ အရင်က အားနာတတ်တာ တောင် အခု အားမနာတတ်တော့ဘူး ”

” နောက်ထပ် ပြောင်းလဲသွားတဲ့ နံပါတ်ပေါင်း မြောက်များစွာရှိပေမယ့် ဒီ အချက်တွေက သိသိသာသာပါပဲ မေမေတို့ ကလေးအမေတွေ ရဲ့ ပြောင်းလဲသွားတဲ့ စိတ်တွေ ဟော်မုန်းတွေကို တစ်ချို့တွေက နားလည်ပြီး သည်းခံပေးတတ်ကြပေမယ့် တစ်ချို့တွေက နားမလည်နိုင် ဘဲ အပြစ်မြင်တတ်ကြ တယ် သားလေးရေ ဘာပဲဖြစ်ဖြစ် မေမေ ဘာတွေပဲ ပြောင်းလဲသွားပါစေ မေမေ့ဘဝထဲကို သားလေးရောက်လာ ပေးတာ အရမ်းကျေးဇူးတင်ပါတယ် မေမေ့သားလေး ဆက်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ မေမေ့အရိပ်အောက်မှာ ခိုနားပါ စိန်ကတုံးလေးရေ ” ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။

Happy – Cele Zone
Photo – Poe Ei Ei Khant

(ဇော်ဂျီဖြင့်ဖတ်ရန်)

သားေလးေမြးၿပီးေနာက္ပိုင္း ေျပာင္းလဲသြားတဲ့ သူမရဲ႕စိတ္ေနစိတ္ထားေတြကို ေျပာျပလာတဲ့ ပိုးအိအိခန႔္

မိခင္တိုင္းဟာ ကိုယ့္ရဲ႕သားသမီးေတြအတြက္ အေကာင္းမြန္ဆုံးေတြေပးခ်င္ၾကသူေတြခ်ည္းပါ။ ကိုယ့္မွာသားသမီးေလး aတြရွိလာၿပီဆိုရင္ ဒီသားသမီးေလးေတြကို ကာကြယ္ဖို႔နဲ႔ အေကာင္းဆုံး ႀကီးျပင္းလာဖို႔အတြက္ အစြမ္းကုန္ႀကိဳးစား ၿပီး ႐ုန္းကန္ခ်င္ၾကသူေတြပါပဲ။ အိမ္ေထာင္ျပဳၿပီး ေနာက္ပိုင္း အႏုပညာအလုပ္ေတြကိုရပ္နားလိုက္ၿပီး သားေလးအတြက္ အခ်ိန္ေတြအကုန္ ေပးထားတဲ့ေမေမပိုးအိအိခန႔္ကေတာ့ သားေလးရဲ႕ေမြးေန႔မွာ သူမရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ ပါတယ္။

” ဒီေန႔ ေမေမ့သားေလး ၈လျပည့္ၿပီ သားေလးေမြးၿပီးေတာ့ ေမေမ အမ်ားႀကီးေျပာင္းလဲသြား တယ္ သိလား နံပါတ္(၁) ေမေမ အရင္ကထက္ အမ်ားႀကီး ဝလာတယ္ (တစ္ခ်ိဳ႕ကေတာ့ လွတယ္ေျပာၾကဆဲပါ) နံပါတ္(၂)ေမေမ အလုပ္မလုပ္ႏို င္ေတာ့ဘူး လုပ္ဖို႔လည္း သားေလးကို စိတ္မခ်တဲ့စိတ္နဲ႔ တြန႔္ဆုတ္ ေနမိတယိ သားေလးကို အၾကာႀကီး ဘယ္သူနဲ႔မွ စိတ္ခ်ၿပီးမထားခဲ့ ႏိုင္ဘူး နံပါတ္ (၃) ေမေမ စိတ္မရွည္ေတာ့ဘူး တစ္ခုခုဆို စိတ္တိုလြယ္ေနၿပီ အမွားမခံေတာ့ဘူး နံပါတ္ (၄) သားနဲ႔ ပတ္သက္ရင္ ေမေမ အရင္က အားနာတတ္တာေတာင္ အခု အားမနာတတ္ ေတာ့ဘူး ”

” ေနာက္ထပ္ ေျပာင္းလဲသြားတဲ့ နံပါတ္ေပါင္း ေျမာက္မ်ားစြာရွိေပမယ့္ ဒီ အခ်က္ေတြက သိသိသာသာပါပဲ ေမေမတို႔ ကေလးအေမေတြရဲ႕ ေျပာင္းလဲသြားတဲ့ စိတ္ေတြ ေဟာ္မုန္းေတြကို တစ္ခ်ိဳ႕ေတြက နားလည္ၿပီး သည္းခံေပးတတ္ၾကေ ပမယ့္ တစ္ခ်ိဳ႕ေတြက နားမလည္ႏိုင္ဘဲ အျပစ္ျမင္တတ္ၾက တယ္ သားေလးေရ ဘာပဲျဖစ္ျဖစ္ ေမေမ ဘာေတြပဲ ေျပာင္းလဲ သြားပါေစ ေမေမ့ဘဝထဲကို သားေလးေရာက္လာေပးတာ အရမ္းေက်းဇူးတင္ပါတယ္ ေမေမ့သားေလး ဆက္ၿပီး က်န္းမာ aပ်ာ္႐ႊင္စြာနဲ႔ ေမေမ့အရိပ္ေအာက္မွာ ခိုနားပါ စိန္ကတုံးေလးေရ ” ဆိုၿပီး ရင္ဖြင့္ခဲ့ပါတယ္။

Happy – Cele Zone
Photo – Poe Ei Ei Khant