ခင်ပွန်းရဲ့မွေးနေ့မှာ မနက်စောစော နှစ်ယောက်အတူ သံဃာတော်တွေကိုဆွမ်းလောင်းပြီး ကုသိုလ်ယူခဲ့တဲ့ မိုးယုစံ

Posted on

ပျော်စရာမိသားစုဘဝလေးကို အောင်အောင်မြင်မြင်ထူထောင်နိုင်ခဲ့တဲ့ မိုးယုစံကတော့ သူမကို ဂရုစိုက်ပြီးချစ်လွန်းတဲ့ ခင်ပွန်းနဲ့ ချစ်စရာသားလေးကို ပိုင်ဆိုင်ထားပြီးနောက် မိုးယုရဲ့ ဘဝက ပြီးပြည့်စုံသွားသလိုပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သားလေးကိုမွေးပြီး နောက်ပိုင်း ခါးနာတဲ့ ဝေဒနာတွေကိုခံစားရတဲ့အကြောင်းနဲ့ ကိုယ့်ရင်သွေးလေးကို လူ့လောကထဲခေါ်နိုင်ခဲ့လို့ အခုလိုဝေဒနာတွေ ခံစားရတဲ့အပေါ်မှာ သူမအနေနဲ့တော့ ကျေနပ်ကြောင်းဆိုပါသေးတယ်။

အိမ်ထောင်ပြုပြီးနောက်ပိုင်းတော့ အနုပညာအလုပ်တွေကို အရင်လိုအများကြီးမလုပ်တော့ပဲ တစ်နိုင်တစ်ပိုင်လေးပဲ လုပ်ကိုင်ပြီး မိသားစုကိုအချိန်ပိုပေးဖြစ်နေခဲ့ပါတယ်။ မကြာခဏဆိုသလို မိသားစုတွေအတူတူခရီးသွားကြပြီး ပျော်စရာအချိန်တွေကို အတူတူ ကုန်ဆုံးတတ်ကြတာ တကယ့်ကိုကြည်နူးစရာပါ။

ဒီနေ့မှာလည်း ခင်ပွန်းရဲ့မွေးနေ့လေးမှာ အတူတူအလှူလုပ်နေတဲ့ပုံရိပ်လေးကို ” Happy birthday ချစ်ယောကျာ်း ကျန်းမာ ချမ်းသာပီး အလုပ်အကိုင်တွေလည်းအဆင်ပြေပါစေ ဒီသားနဲ့မိန်းမ ကိုလည်းဂရုတစိုက်အမြဲချစ်ပီး လိုအင်ဆန္ဒပြည့်ဝပါစေ ” ဆိုပြီး မွေးနေ့ ဆုတောင်းလေးနဲ့ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပျော်စရာမိသားစုလေး သက်ဆုံးတိုင်အေးချမ်းပါစေနော်။

Happy – Cele Zone
Photo – Moe Yu San

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခင္ပြန္းရဲ႕ေမြးေန႔မွာ မနက္ေစာေစာ ႏွစ္ေယာက္အတူ သံဃာေတာ္ေတြကိုဆြမ္းေလာင္းၿပီး ကုသိုလ္ယူခဲ့တဲ့ မိုးယုစံ

ေပ်ာ္စရာမိသားစုဘဝေလးကို ေအာင္ေအာင္ျမင္ျမင္ထူေထာင္ႏိုင္ခဲ့တဲ့ မိုးယုစံကေတာ့ သူမကို ဂ႐ုစိုက္ၿပီးခ်စ္လြန္းတဲ့ ခင္ပြန္းနဲ႔ ခ်စ္စရာသားေလးကို ပိုင္ဆိုင္ထားၿပီးေနာက္ မိုးယုရဲ႕ ဘဝက ၿပီးျပည့္စုံသြားသလိုပါပဲ။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က သားေလးကို ေမြးၿပီးေနာက္ပိုင္း ခါးနာတဲ့ ေဝဒနာေတြကိုခံစားရတဲ့အေၾကာင္းနဲ႔ ကိုယ့္ရင္ေသြးေလးကို လူ႔ေလာကထဲေခၚႏိုင္ခဲ့ လို႔ အခုလိုေဝဒနာေတြခံစားရတဲ့အေပၚမွာ သူမအေနနဲ႔ေတာ့ ေက်နပ္ေၾကာင္းဆိုပါေသးတယ္။

အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္းေတာ့ အႏုပညာအလုပ္ေတြကို အရင္လိုအမ်ားႀကီးမလုပ္ေတာ့ပဲ တစ္ႏိုင္တစ္ပိုင္ေလးပဲ လုပ္ကိုင္ၿပီး မိသားစုကိုအခ်ိန္ပိုေပးျဖစ္ေနခဲ့ပါတယ္။ မၾကာခဏဆိုသလို မိသားစုေတြအတူတူခရီးသြားၾကၿပီး ေပ်ာ္စရာ အခ်ိန္ေတြကို အတူတူ ကုန္ဆုံးတတ္ၾကတာ တကယ့္ကိုၾကည္ႏူးစရာပါ။

ဒီေန႔မွာလည္း ခင္ပြန္းရဲ႕ေမြးေန႔ေလးမွာ အတူတူအလႉလုပ္ေနတဲ့ပုံရိပ္ေလးကို ” Happy birthday ခ်စ္ေယာက်ာ္း က်န္းမာ ခ်မ္းသာပီး အလုပ္အကိုင္ေတြလည္းအဆင္ေျပပါေစ ဒီသားနဲ႔မိန္းမ ကိုလည္းဂ႐ုတစိုက္အၿမဲခ်စ္ပီး လိုအင္ဆႏၵျပည့္၀ ပါေစ ” ဆိုၿပီး ေမြးေန႔ဆုေတာင္းေလးနဲ႔ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ေပ်ာ္စရာမိသားစုေလး သက္ဆုံးတိုင္ေအးခ်မ္းပါ ေစေနာ္။

Happy – Cele Zone
Photo – Moe Yu San