အမေများအဖွဲ့ကို အလှူငွေလှူတန်းခဲ့တဲ့ ဂျင်းကောင်လေး မြင့်မြတ်

Posted on

သဘာဝမင်းသားမို့အားလုံးက ချစ်ခင်အားပေးကြတဲ့ မြင့်မြတ်တစ်ယောက် ဝါရင့်အနုပညာရှင် အမျိုးသမီးတွေပေါင်းစုဖွဲ့စည်းထားတဲ့ အမေများ အဖွဲ့ကို အလှူငွေလှူတန်းခဲ့တာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာတွေကြောင့် သင်္ကြန်မှာ ပွဲတွေကျင်းပခွင့်မရတော့တဲ့အခါ တစ်နှစ်တစ်ခါမှာ ဒီတစ်ချိန်လေးပဲ ရန်ငုံငွေရှာရတဲ့ အမေများအဖွဲ့အတွက်တော့ တကယ့်ကို စိတ်မကောင်းစရာပါ။

သင်္ကြန်ကာလပွဲတော်ဆိုတော့ ရောဂါပိုးရှိသူတွေလည်း ရောနှောပြီးပါလာနိုင်တာမို့ တာဝန်ရှိသူ တွေက ကန့်သတ်လိုက်တာဖြစ်ပြီး ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း အားလုံးလိုက်နာဆောင်ရွက်ဖို့လည်းလိုပါတယ်။ ပွဲမကရတော့လို့ အမေများအတွက်လိုအပ်တဲ့ ရန်ပုံငွေတွေကို အနုပညာရှင်တွေက တတ်နိုင်သလောက် လှူတန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဖွေးဖွေးက သွားရောက်လှူတန်းခဲ့ပြီး ဒီနေ့မှာတော့ အားလုံးချစ်ကြတဲ့ ဂျင်းကောင်လေးမြင့်မြတ်က ရှုတင်မှာ လှူတန်းခဲ့ တာပဲဖြစ်ပါတယ်။ အဖွဲ့အတွက် လိုအပ်ချက်တွေကို ဒီလိုအချိန်လေးမှာပဲ ဖျော်ဖြေရင်း ဝင်ငွေရှာရတာမို့ အခုလိုအခက်အခဲဖြစ်သွားတော့လည်း ဘဝတူ အချင်းချင်း စာနာဖေးမတာဟာ တကယ့်ကိုကြည်နူးစရာပါ။

Happy – Cele Zone
Photo – Myat Wai Tun

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမမ်ားအဖြဲ႕ကို အလႉေငြလႉတန္းခဲ့တဲ့ ဂ်င္းေကာင္ေလး ျမင့္ျမတ္

သဘာဝမင္းသားမို႔အားလုံးက ခ်စ္ခင္အားေပးၾကတဲ့ ျမင့္ျမတ္တစ္ေယာက္ ဝါရင့္အႏုပညာရွင္ အမ်ိဳးသမီးေတြေပါင္းစုဖြဲ ႕စည္းထားတဲ့ အေမမ်ားအဖြဲ႕ကို အလႉေငြလႉတန္းခဲ့တာပဲ ျဖစ္ပါတယ္။ ေရာဂါေဝဒနာေတြေၾကာင့္ သၾကၤန္မွာ ပြဲေတြက် င္းပခြင့္မရေတာ့တဲ့အခါ တစ္ႏွစ္တစ္ခါမွာ ဒီတစ္ခ်ိန္ ေလးပဲ ရန္ငုံေငြရွာရတဲ့ အေမမ်ားအဖြဲ႕အတြက္ေတာ့ တကယ့္ကို စိတ္မေကာင္းစရာပါ။

သၾကၤန္ကာလပြဲေတာ္ဆိုေတာ့ ေရာဂါပိုးရွိသူေတြလည္း ေရာေႏွာျပီးပါလာႏိုင္တာမို႔ တာဝန္ရွိသူ ေတြက ကန္႔သတ္လိုက္တာျဖစ္ျပီး ကာကြယ္ျခင္းဟာ ကုသျခင္းထက္ပိုေကာင္းတယ္ဆိုတဲ့ စကားအတိုင္း အားလံုးလိုက္နာေဆာင္ရြက္ဖို႔လည္းလိုပါတယ္။ ပြဲမကရေတာ့လို႔ အေမမ်ားအတြက္လိုအပ္တဲ့ ရန္ပံုေငြေတြကို အႏုပညာရွင္ေတြက တတ္ႏိုင္သေလာက္ လွဴတန္းခဲ့ၾကပါတယ္။

ျပီးခဲ့တဲ့ရက္ပိုင္းေလာက္က ေဖြးေဖြးက သြားေရာက္လွဴတန္းခဲ့ျပီး ဒီေန႔မွာေတာ့ အားလံုးခ်စ္ၾကတဲ့ ဂ်င္းေကာင္ေလးျမင့္ျ မတ္က ရွုတင္မွာ လွဴတန္းခဲ့တာပဲျဖစ္ပါတယ္။ အဖြဲ႕အတြက္ လိုအပ္ခ်က္ေတြကို ဒီလိုအခ်ိန္ေလးမွာပဲ ေဖ်ာ္ေျဖရင္း ဝင္ေငြရွာရတာမို႔ အခုလိုအခက္အခဲျဖစ္သြားေတာ့လည္း ဘဝတူအခ်င္းခ်င္း စာနာေဖးမတာဟာ တကယ့္ကိုၾကည္ႏူးစရာပါ။

Happy – Cele Zone
Photo – Myat Wai Tun