အားလုံးဖြစ်ချင်နေကြတဲ့ ဆန္ဒလေးတစ်ခုကို ဟာသဗီဒီယိုအဖြစ်ဖန်တီးလိုက်တဲ့ ညီညီမောင်

Posted on

မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်ကတော့ အမြဲလိုလို ဟာသဗီဒီယိုလေးတွေ ဖန်တီး တတ်ပြီး ပရိသတ်တွေကို ရယ်မောအောင်စွမ်းဆောင် နိုင်သူတစ်ယောက်ပါပဲ။ ကိုယ်လျှောက် လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာလည်း တာဝန်ကျေပြီး အလှူအတန်းတွေဆိုလည်း လက်မနှေးတတ်သူ တစ်ယောက်ပါ။ ရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားဟာ ရေပန်းစားအောင်မြင်သွားခဲ့ပြီးနောက် နောက်ထပ်ဇာတ်ကား အသစ်တွေကို ထပ်မံရိုက်ကူးခဲ့ပါသေးတယ်။

လတ်တလောမှာ Covid – 19 ရောဂါကြောင့် အားလုံးအိမ်ထဲမှာပဲနေပြီး အပြင်ထွက်ရင်လည်း Mask တွေ Hang Gel တွေဆောင်ခိုင်းထားတဲ့ အခြေအနေပါ။ မကြာခဏဆိုသလိုလည်း လက်ဆေးဖို့လိုပြီး ကိုယ့်ကျန်းမာရေးကိုယ် အထူးဂရုပြုရမယ့်အနေအထားဖြစ်ပါတယ်။ ပွဲတော်တွေကို လည်းပိတ်သိမ်းလိုက်ပြီး ဒီပွဲတော်ထဲမှာတော့ အားလုံးပျော်ကြမယ့် သင်္ကြန်ပွဲတော်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ပျော်ကြမယ့်လူငယ်တွေကတော့ စိတ်မကောင်းပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြစ်တာဆိုတော့ ဒီတစ်နှစ်အတွက် သည်းခံရမှာပါပဲ။

ဒီအကြောင်းအရာလေးကို သုသုတစ်ယောက် ဟာသနှောပြီး ဗီဒီယိုလေးရိုက်ထားတာပဲ ဖြစ်ပါတယ်။ အိပ်မက်ထဲမှာ ရောဂါတွေကင်းစင်သွားပြီး သင်္ကြန်ငါးရက်ကို ပျော်ပျော်ကြီး ကျင်းပကြမယ့်အကြောင်းမက်နေတာဖြစ်ပြီး တကယ်တမ်းလက်တွေ့မှာတော့ ဒီလိုမဟုတ် တဲ့အကြောင်း ဗီဒီယိုလေးရိုက်ကူးထားတာမို့ ပရိသတ်ကြီးလည်း ရယ်မောနိုင်အောင် တင်ဆက် ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

အားလုံးျဖစ္ခ်င္ေနၾကတဲ့ ဆႏၵေလးတစ္ခုကို ဟာသဗီဒီယိုအျဖစ္ဖန္တီးလိုက္တဲ့ ညီညီေမာင္

မိတ္ကပ္ဖန္တီးရွင္တစ္ဦးျဖစ္တဲ့ ညီညီေမာင္ကေတာ့ အၿမဲလိုလို ဟာသဗီဒီယိုေလးေတြဖန္တီးတတ္ၿပီး ပရိသတ္ေတြကိုရယ္ေမာေအာင္စြမ္းေဆာင္ႏို င္သူတစ္ေယာက္ပါပဲ။ ကိုယ္ေလွ်ာက္ လွမ္းေနတဲ့ လမ္းေၾကာင္းေပၚမွာလည္း တာဝန္ေက်ၿပီး အလႉအတန္းေတြဆိုလည္း လက္မေႏွး တတ္သူတစ္ေယာက္ပါ။ ႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္နဲ႔ ပထမဆုံး႐ိုက္ကူးတဲ့ ဇာတ္ကားဟာ ေရပန္းစားေအာင္ျမင္သြားခဲ့ၿပီးေနာက္ ေနာက္ထပ္ဇာတ္ကားအသစ္ေတြကို ထပ္မံ႐ိုက္ကူးခဲ့ပါ ေသးတယ္။

လတ္တေလာမွာ Covid – 19 ေရာဂါေၾကာင့္ အားလံုးအိမ္ထဲမွာပဲေနျပီး အျပင္ထြက္ရင္လည္း Mask ေတြ Hang Gel ေတြေဆာင္ခိုင္းထားတဲ့ အေျခအေနပါ။ မၾကာခဏဆိုသလိုလည္း လက္ေဆးဖို႔လိုျပီး ကိုယ့္က်န္းမာေရးကိုယ္ အထူးဂရုျပဳရမယ့္အေနအထားျဖစ္ပါတယ္။ ပြဲေတာ္ေတြကိုလည္းပိတ္သိမ္းလုိက္ျပီး ဒီပြဲေတာ္ထဲမွာေတာ့ အားလံုးေပ်ာ္ၾကမယ့္ သၾကၤန္ပြဲေတာ္လည္းအပါအဝင္ျဖစ္ခဲ့ပါတယ္။ ေပ်ာ္ၾကမယ့္လူငယ္ေတြကေတာ့ စိတ္မေကာင္းေပမယ့္ တစ္ကမၻာလံုးအတိုင္းအတာျဖစ္တာဆိုေတာ့ ဒီတစ္ႏွစ္အတြက္ သည္းခံရမွာပါပဲ။

ဒီအေၾကာင္းအရာေလးကို သုသုတစ္ေယာက္ ဟာသေႏွာျပီး ဗီဒီယိုေလးရိုက္ထားတာပဲ ျဖစ္ပါတယ္။ အိပ္မက္ထဲမွာ ေရာဂါေတြကင္းစင္ သြားျပီး သၾကၤန္ငါးရက္ကို ေပ်ာ္ေပ်ာ္ၾကီး က်င္းပၾကမယ့္အေၾကာင္းမက္ေနတာျဖစ္ျပီး တကယ္တမ္းလက္ေတြ႕မွာေတာ့ ဒီလိုမဟုတ္ တဲ့အေၾကာင္း ဗီဒီယိုေလးရိုက္ကူးထားတာမို႔ ပရိသတ္ၾကီးလည္း ရယ္ေမာႏိုင္ေအာင္ တင္ဆက္ ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Nyi Nyi Maung