ဖြိုးလေးဆီကနေ မွေးနေ့အကြိုလက်ဆောင်အဖြစ် ကမ္ဘာကျော် Brand တစ်ခုရဲ့ အသစ်စက်စက်ထွက်ရှိထားတဲ့ ပစ္စည်းလေးကိုရရှိခဲ့တဲ့ ဝါဆိုမိုးဦး

Posted on

ပရိသတ်ကြီးရေ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးကတော့ ပရိသတ်တွေ Idol Couple အနေနဲ့ အားကျနေရတဲ့ လိုက်ဖက်ညီလွန်းလှတဲ့ စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိလွန်းလှတဲ့အပြင် အရမ်းလည်း Ro လွန်းလှတာကြောင့် Idol Couple လေးဖြစ်နေခဲ့တာဆိုလည်းမမှားပါဘူးနော်။

အမြဲလိုလို ချစ်သက်တမ်းနှစ်ပတ်လည်နေ့တွေ မွေးနေ့တွေနဲ့ အမှတ်တရနေ့တွေမှာ အမှတ်တရလေးတွေဖန်တီးပြီးဖြတ်သန်းလေ့ရှိတဲ့ ဖြိုးလေးနဲ့ ဝါဆိုတို့ စုံတွဲလေးကတော့ မကြာခင်မှာကျရောက်ဝါဆိုရဲ့ မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်လေးပေးခဲ့ပါတယ်။ မွေးနေ့ကတော့ မရောက်သေးပေမဲ့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV က ဖိနပ်အသစ်လေးကို ထွက်ထွက်ခြင်းချစ်သူလေးကို စီးစေချင်တာကြောင့် မွေးနေ့အကြိုလက်ဆောင်ဆိုပြီးဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဖြိုးလေးရဲ့ ချစ်သူအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ သိတတ်မှုကြောင့် မိန်းကလေးပရိသတ်တွေကတော့ ဝါဆိုကို အားကျနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဖြိုးလေးရဲ့ ဝါဆိုအပေါ် အလေးထားမှုကလည်း ဝါဆိုကို အားကျသင့်လည်းအားကျထိုက်လောက်ပါပေတယ်နော်။

Source – Warso Moe Oo
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-





Source – Warso Moe Oo
Chilli – CeleZone