Camera ရှေ့ရောက်တာနဲ့ အိုက်တင်တွေမျိုးစုံပေးနေတဲ့ ထရက်ရှာလေးရဲ့ ချစ်စရာဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားနဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်အဆိုတော်မင်းသမီးချော စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလောက်အောင် ချစ်မွှေးပါတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မေမေစန္ဒီမြင့်လွင်လိုပဲ အနုပညာသွေးအပြည့်ပါတာကြောင့် အခုအရွယ်လေးနဲ့တင်အိုက်တင်တွေကို သင်စရာမလိုလောက်အောင်ကို တတ်မြောက်နေခဲ့ပြီး ကြော်ငြာရိုက်ကူးမှုတွေကိုတောင် လုပ်ဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်။ ထရက်ရှာလေးကတော့ အနုပညာသွေးအပြည့်ပါလွန်းတဲ့သူတစ်ယောက်ပီပီ ကင်မရာရှေ့ကိုရောက်ပြီဆိုတာနဲ့ကို အိုက်တင်အပြည့်ပေးတတ်လွန်းလှပါတယ်။

ဒီနေ့မှာလည်း ထရက်ရှာလေးရဲ့ ဖေဖေက ကင်မရာစမ်းသပ်နေတာကို ကင်မရာမြင်ကွင်းထဲသူရောက်သွားတာနဲ့ အိုက်တင်အပြည့်ပေးတဲ့ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ ထရက်ရှာလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Thiha Leo
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-




 


 

Source – Thiha Leo
Chilli – CeleZone