မိဘအိမ် အလည်ပြန်တုန်း မွေးနေ့လက်ဆောင်ရထားတဲ့ ကျားသစ်လေးသုံးကောင်ကိုတွေ့လို့ အပျော်ကြီးပျော်နေတဲ့ နေခြည်ဦး

Posted on

ကိုယ်ပိုင်ဘဝလေးမှာအောင်မြင်မှုရရှိနေတဲ့ ချီချီကတော့ မိဘနဲ့ခွဲနေတဲ့အခိုက်အတန့်တွေမှာ သတိရမိတာကြောင့် မိဘအိမ်ကိုအလည်ပြန်ခဲ့တယ် လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ သူမရဲ့မွေးနေ့မှာ မိခင်ဖြစ်သူက လက်ဆောင်ပေးထားတဲ့ စိမ်းလဲ့တင်အပေါက် ကျားသစ်လေးသုံးကောင်ကို ကာကွယ်ဆေးထိုးဖို့ ရောက်ရှိနေတာကြောင့် သံယောဇဉ်လေးတွေကို ပြန်တွေ့ရလို့ အပျော်ကြီး ပျော်နေခဲ့ပါသေးတယ်။

ချစ်စရာကျားသစ်လေးတွေကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပြီး အခုဆိုရင် အရမ်းကိုဆော့တဲ့ ကလေးလေးတွေဖြစ်နေခဲ့ပါပြီ။ ချီချီကတော့ တိရိစ္ဆာန်ချစ်သူပီပီ ကျားသစ်လေးတွေကိုလည်း ခွေးလေး ကြောင်လေးတွေလို ပွေ့ချီပြီး အချစ်ပိုနေခဲ့ပါတယ်။ မိဘအိမ်လွမ်းလို့ပြန်တုန်း မိဘတွေကို လည်း အလွမ်းပြေတွေ့ရတဲ့အပြင် ကျားသစ်လေး သုံးကောင်လည်းရှိနေတော့ ပိုပျော်စရာလေးပေါ့နော်။

အချစ်ကလေးတွေနဲ့ ဗီဒီယိုလေးတွေကို ” အိမ်ခွဲနေတော့ မိဘအိမ် အရမ်းလွမ်းတာနဲ့ ခဏဝင် အိမ်ရောက်တော့ စိမ်းလဲ့တင်မှာ ခြံပေါက်မွေးတဲ့ ကျားသစ်လေးသုံးကောင်က ကာကွယ်ဆေးထိုး ဖို့ ရောက်နေတယ်လေ ကြီးတာမြန်လိုက်တာပြောမနေနဲ့ ဪ သံယောဇဉ်လေးတွေ ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိဘအိမ္ အလည္ျပန္တုန္း ေမြးေန႔လက္ေဆာင္ရထားတဲ့ က်ားသစ္ေလးသုံးေကာင္ကိုေတြ႕လို႔ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ေနျခည္ဦး

ကိုယ္ပိုင္ဘဝေလးမွာေအာင္ျမင္မႈရရွိေနတဲ့ ခ်ီခ်ီကေတာ့ မိဘနဲ႔ခြဲေနတဲ့အခိုက္အတန႔္ေတြမွာ သတိရမိတာေၾကာင့္ မိဘအိမ္ကိုအလည္ျပ န္ခဲ့တယ္လို႔ဆိုပါတယ္။ ၿပီးခဲ့တဲ့ သူမရဲ႕ေမြးေန႔မွာ မိခင္ျဖစ္သူက လက္ေဆာင္ေပးထားတဲ့ စိမ္းလဲ့တင္အေပါက္ က်ားသစ္ေလး သုံးေကာင္ကို ကာကြယ္ေဆးထိုးဖို႔ေရာက္ရွိေနတာေၾကာင့္ သံေယာဇဥ္ေလးေတြကို ျပန္ေတြ႕ရလို႔ အေပ်ာ္ႀကီး ေပ်ာ္ေနခဲ့ ပါေသးတယ္။

ခ်စ္စရာက်ားသစ္ေလးေတြကေတာ့ တျဖည္းျဖည္းနဲ႔အ႐ြယ္ေရာက္လာခဲ့ၿပီး အခုဆိုရင္ အရမ္းကိုေဆာ့တဲ့ ကေလးေလးေတြ ျဖစ္ေနခဲ့ပါၿပီ။ ခ်ီခ်ီကေတာ့ တိရိစာၦန္ခ်စ္သူပီပီ က်ားသစ္ေလးေတြကိုလည္း ေခြးေလး ေၾကာင္ေလးေတြလို ေပြ႕ခ်ီၿပီး အခ်စ္ပိုေနခဲ့ပါတယ္။ မိဘအိမ္လြမ္းလို႔ျပန္တုန္း မိဘေတြကိုလည္း အလြမ္းေျပေတြ႕ရတဲ့အျပင္ က်ားသစ္ေလး သုံးေကာင္လည္းရွိ ေနေတာ့ ပိုေပ်ာ္စရာေလးေပါ့ေနာ္။

အခ်စ္ကေလးေတြနဲ႔ ဗီဒီယိုေလးေတြကို ” အိမ္ခြဲေနေတာ့ မိဘအိမ္ အရမ္းလြမ္းတာနဲ႔ ခဏဝင္ အိမ္ေရာက္ေတာ့ စိမ္းလဲ့တင္မွာ ၿခံေပါက္ေမြးတဲ့ က်ားသစ္ေလးသုံးေကာင္က ကာကြယ္ေဆးထိုး ဖို႔ ေရာက္ေနတယ္ေလ ႀကီးတာျမန္လိုက္တာေျပာမေနနဲ႔ ဪ သံေယာဇဥ္ေလးေတြ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Nay Chi Oo