မွေးနေ့အလှူအဖြစ် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေချစ်စနိုးနဲ့ သုသုလို့ခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ရဲ့ မွေးနေ့လေးဖြစ်တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့ သုသုက အသက် (၄၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

သုသုကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့ကုသိုလ်အနေနဲ့ ကောင်းမှုအလှူလေးတွေပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ သုသုကတော့ ပဌာန်းကျောင်းတိုက် ဆရာတောင် အရှင် သီရိ စန္ဒသူရိယ ကို ဆွမ်းနဲ့ သင်္ကန်းတွေဆပ်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဆရာတော်ကတော့ “သုသုမွေးနေ့ကောင်းမှု့ဒါန၊ ဆွမ်းသင်္ကန်းအစရှိသောကုသိုလ်တော်။

လာလတ္တံ့သောအချိန်တို့၌ဘေးရန်ကင်းကွာစိတ်ချမ်းသာ၍စည်းစိမ်များတည်မြဲတိုးတတ်ပါစေ” ဆိုပြီး ဆွမ်းကပ်လှူနေတဲ့ပုံလေးတွေနဲ့ ဆုတောင်းပေးကာ လူမှုကွန်ရက်ကနေမျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ သုသုရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Ashin Sanda Suria
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-





Chilli – CeleZone