ဂါဝန်လှလှလေးတွေနဲ့ ချစ်စရာကောင်းလောက်အောင်လှနေတဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာ

Posted on

ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ မွေးကတည်းက ချစ်စရာကောင်းလှပြီး လည်လွန်းတတ်လွန်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေပြီး လက်ရှိမှာ ကြော်ငြာလေးတွေကိုတောင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

ထရက်ရှာလေးကိုချစ်ကြတဲ့ ပရိသတ်တွေလည်း များစွာရှိနေပြီး မေမေစန္ဒီမြင့်လွင်ကတော့ အမြဲလိုလို လူမှုကွန်ရက်စာမျက်နှာထက်ကနေ သမီးလေးရဲ့ ပုံတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း သမီးကြော်ငြာရိုက်ကူးထားတဲ့ ပုံလေးတွေထဲက အချို့ကို သမီးလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် မေမေစန္ဒီမြင့်လွင်က မျှဝေဖော်ပြလာပေးခဲ့ပါတယ်။

ပုံလေးတွေထဲမှာတော့ ထရက်ရှာလေးက ဂါဝန်လှလှလေးတွေကိုဝတ်ဆင်ထားပြီး ကော်ဖက်ရုပ်မလေးလို ချစ်စရာကောင်းနေခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေထဲက ထရက်ရှာလေးရဲ့ ပရိသတ်တွေအတွက် ထရက်ရှာလေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sandy Myint Lwin
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-





Chilli – CeleZone