မြင်သူတိုင်း ကြည်နူး အားကျသွားရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ မိသားစုပုံလေးတွေ ဝေမျှလာတဲ့ အာဘွိုင်း

Posted on

အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့အောင်မြင်စွာ ရပ်တည်နေပြီး ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို လက်တွဲညီညီ ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ ။

လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေအပြင် အားကျစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေပြီး ချစ်စရာသမီးလေး Scarlett နဲ့ သားလေး Jaden လေးကလည်း အသည်းယားစရာကောင်းလွန်းတာ အမှန်ပါပဲ ။

သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိတာကို တွေ့ရပါတယ် ။ အခုလည်း အာဘွိုင်းက ချစ်စရာအရမ်းကောင်းတဲ့ မိသားစု ပုံလေးတွေနဲ့ အတူ ” မိသားစုက ပေးတဲ့ ပျော်ရွှင်မှုက အလုံခြုံဆုံးနဲ့ အအေးချမ်းဆုံးပါပဲ။ 👨‍👩‍👧‍👦❤️ ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ကြည်နူးအားကျစရာကောင်းလွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Kyaw Phyo Tun

-Zawgyi Font ဖြင့်ဖတ်ရန် – 


😍😍



­


Yuan – Cele Zone

Photo – Kyaw Phyo Tun