တိုက်ကြီးမြို့နယ် လိပ်ကြည်ရွာဦးကျောင်းမှာ မထင်မှတ်ဘဲ ကျောင်းဆောင်အသစ် ဆောက်လုပ် လှူဒါန်းခွင့်ရလို့ အတိုင်းမသိ ပီတိဖြစ်နေတဲ့ မေခလာ

Posted on

ပရိသတ်ကြီးရေ အဆိုတော် မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။

ပရိသတ်တွေကလည်း ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

အလှူအတန်းတွေ ဆိုရင်လည်း ရက်ရက်ရောရော လှူဒါန်းလေ့ရှိရာ အခုလည်း တိုက်ကြီးမြို့နယ် လိပ်ကြည်ရွာဦးကျောင်းမှာ မထင်မှတ်ဘဲ ကျောင်းဆောင်အသစ် ဆောက်လုပ် လှူဒါန်းခွင့်ရလို့ အတိုင်းမသိ ပီတိဖြစ်မိကြောင်းကို ပုံလေးတွေနဲ့ တကွ ဖော်ပြထားရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – May Khalar

-Zawgyi Font ဖြင့်ဖတ်ရန် – 


🙏🙏🙏




Yuan – Cele Zone

Photo – May Khalar