သားလေးနဲ့ သူ့အဖွားတူတူလမ်းလျှောက်ထွက်နေတဲ့ ကြည်နူးဖွယ်ပုံလေးကို မျှဝေလာတဲ့ ပိုးအိအိခန့်

Posted on

ပရိသတ်ကြီးရေ ပိုးအိအိခန့်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးအိအိခန့်က အောင်သူနဲ့ အိမ်ထောင်ကျကာ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းရပ်နားထားခဲ့ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားလေးဖြစ်တဲ့ သွင်ဦးဟန်ကလည်း ချစ်စရာကောင်းလှပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီနေ့မှာတော့ ပိုးအိအိခန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သဲကိုးလေးနဲ့ သူရဲ့ ဖွားဖွားတို့ နှစ်ယောက်တူတူလမ်းလျှောက်နေတဲ့ပုံလေးနဲ့အတူ “ဖွားဖွားနဲ့ မြေးရဲ့ reunion” ဆိုပြီး မျှဝေဖော်ပြလာခဲ့ပါတယ်။

သဲကိုးလေးကို လွမ်းနေကြတဲ့ ပရိသတ်တွေကတော့ သဲကိုးလေးနဲ့ ဖွားဖွားပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေပုံကိုကြည့်ပြီး သဘောတွေကျနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ သဲကိုးလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ပုံလေးကို မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Poe Ei Ei Khant
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-





Source – Poe Ei Ei Khant
Chilli – CeleZone