ဦးမိုးဒီနဲ့အတူ ရိုက်ကွင်းက ပျော်ရွှင်စရာ ပုံရိပ်လေးတွေကို အမှတ်တရ ဝေမျှလာတဲ့ မိုးစက်

Posted on

အရင်ခေတ် တစ်ချိန်ထဲက ရယ်စရာဟာသပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်တဲ့ ဟန်ပန်အမူအရာတွေကြောင့် ယနေ့အချိန်ထိပရိသတ်တွေ အမြဲအမှတ်ရနေသူကတော့ ဝါရင့်ဟာသလူရွှင်တော် ဦးမိုးဒီပဲဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဦးမိုးဒီကို ချစ်ကြလို့ သူရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်မျှော်နေကြဆဲပါ ။

လူရွှင်တော်မိုးစက်ဆိုရင်လည်း လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူတို့ နှစ်ယောက် အတူတူ ရိုက်ကူးနေတဲ့ ကြော်ငြာရိုက်ကွင်းထက်က ပုံရိပ် အချို့ကို အမှတ်တရ ဖော်ပြလာတာတွေ့ရပါတယ် ။ အတွဲညီညီ နှစ်ယောက်သား သရုပ်ဆောင်နေတဲ့ ပုံရိပ်တွေက တကယ်ကို ချစ်စရာပါပဲ ။ ပရိသတ်ကြီးအတွက် ဦးမိုးဒီတဲ့ မိုးစက်တို့ရဲ့ ရိုက်ကွင်းက ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါရစေ ။

Yuan – Cele Zone

Photo – Moe Sat

-Zawgyi Font ဖြင့်ဖတ်ရန် – 


🥰🥰




Yuan – Cele Zone

Photo – Moe Sat