သမီးလေးနှစ်ယောက်ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလိုက်တဲ့ လွင်မိုးရဲ့ဇနီး မေသူ

Posted on

အသက်တွေဘယ်လောက်ပဲကြီးကြီး မိဘတွေရဲ့မျက်လုံးထဲမှာတော့ သားသမီးတွေဟာ ကလေး လေးတွေပါပဲ။ အခုချိန်မှာ မြေးလေး Liam ကိုတောင် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဘွားဘွားမေသူဟာ သူမရဲ့သမီးလေးတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ဖြူစင်ပြီး ချစ်စရာ ကောင်းခဲ့တဲ့ အတိတ်လေးတွေဟာ ဓာတ်ပုံလေးတွေအဖြစ်နဲ့ ပြန်ကြည့်တိုင်း ကြည်နူးစရာကောင်းနေခဲ့တာတော့ အမှန်ပါပဲ။

အသက်အရွယ်ကိုယ်စီရောက်နေကြပြီဖြစ်တဲ့ သမီးလေးတွေဟာလည်း ဖေဖေ မေမေတို့နဲ့တွေ့ရင် ကလေးလေးတွေလိုပြန်ဖြစ်သွားခဲ့ပါတယ်။ သမီးအကြီးလေး ယွန်းဝတီလွင်မိုးဟာ နိုင်ငံခြားမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းတက်နေပြီး Liam လေးကိုတော့ ဘိုးဘိုးနဲ့ ဘွားဘွားက ဒီမှာပဲ ကူထိန်းပေးခဲ့ပါတယ်။ ကျောင်းတွေပိတ်လို့ ပြန်လာတဲ့အချိန်ကျရင် ကလေးနဲ့အတူတူ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးတတ်ကြပါသေးတယ်။

ချစ်စရာသမီးလေးတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ” အသဲပိစိလေးတွေ ” ဆိုပြီး တင်ထားတာ ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ဖြူစင်ပြီး ချစ်စရာ ကောင်းတဲ့ ကလေးနှစ်ယောက်ဟာ အပူအပင် ကင်းကင်းနဲ့ ရယ်မောနေတဲ့ပုံလေးတွေက တကယ့်ကိုကြည်နူးစရာပါပဲ။ ပရိသတ်ကြီးမှာရော အရမ်းကိုပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝအမှတ်တရတွေရှိခဲ့ဖူးလား။

Happy – Cele Zone
Photo – May Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)

သမီးေလးႏွစ္ေယာက္ရဲ႕ငယ္ဘဝပုံရိပ္ေလးေတြကို ျပန္လည္ေဝမွ်လိုက္တဲ့ လြင္မိုးရဲ႕ဇနီး ေမသူ

အသက္ေတြဘယ္ေလာက္ပဲႀကီးႀကီး မိဘေတြရဲ႕မ်က္လုံးထဲမွာေတာ့ သားသမီးေတြဟာ ကေလး ေလးေတြပါပဲ။ အခုခ်ိန္မွာ ေျမး ေလး Liam ကိုေတာင္ ပိုင္ဆိုင္ထားၿပီျဖစ္တဲ့ ဘြားဘြားေမသူဟာ သူမရဲ႕သမီးေလးေတြရဲ႕ ငယ္ဘဝပုံရိပ္ေလးေတြကို လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။ ျဖဴစင္ၿပီး ခ်စ္စရာေကာင္းခဲ့တဲ့ အတိတ္ေလးေတြဟာ ဓာတ္ပုံေလးေတြအျဖစ္နဲ႔ ျပန္ၾကည့္တိုင္း ၾကည္ႏူးစရာ ေကာင္းေနခဲ့တာေတာ့ အမွန္ပါပဲ။

အသက္အ႐ြယ္ကိုယ္စီေရာက္ေနၾကၿပီျဖစ္တဲ့ သမီးေလးေတြဟာလည္း ေဖေဖ ေမေမတို႔နဲ႔ေတြ႕ရင္ ကေလးေလးေတြလိုျ ပန္ျဖစ္သြားခဲ့ပါတယ္။ သမီးအႀကီးေလး ယြန္းဝတီလြင္မိုးဟာ ႏိုင္ငံျခားမွာ ခင္ပြန္းျဖစ္သူနဲ႔အတူ ေက်ာင္းတက္ေနၿပီး Liam ေလးကိုေတာ့ ဘိုးဘိုးနဲ႔ ဘြားဘြားက ဒီမွာပဲ ကူထိန္းေပးခဲ့ပါတယ္။ ေက်ာင္းေတြပိတ္လို႔ ျပန္လာတဲ့အခ်ိန္က်ရင္ ကေလးနဲ႔အတူတူ ေပ်ာ္ေပ်ာ္ပါးပါးအခ်ိန္ကုန္ဆုံးတတ္ၾကပါေသးတယ္။

ခ်စ္စရာသမီးေလးေတြရဲ႕ ငယ္ဘဝပုံရိပ္ေလးေတြကို ” အသဲပိစိေလးေတြ ” ဆိုၿပီး တင္ထားတာ ပဲ ျဖစ္ပါတယ္။ ဓာတ္ပုံထဲမွာ ျဖဴစင္ၿပီး ခ်စ္စရာေကာင္းတဲ့ ကေလးႏွစ္ေယာက္ဟာ အပူအပင္ ကင္းကင္းနဲ႔ ရယ္ေမာေနတဲ့ပုံေလးေတြက တကယ့္ကိုၾကည္ႏူးစရာပါပဲ။ ပရိသတ္ႀကီးမွာေရာ အရမ္းကိုေပ်ာ္စရာေကာင္းခဲ့တဲ့ ငယ္ဘဝအမွတ္တရေတြရွိခဲ့ဖူးလား။

Happy – Cele Zone
Photo – May Thu