အပြင်မထွက်ရတော့ အိမ်ကရေကူးကန်လေးမှာပဲ အပန်းဖြေနေကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

Posted on

လတ်တလောကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကြောင့် လူတော်တော်များများ အပြင်မထွက်ဘဲ ကိုယ့်အိမ်တွင်းမှာ လုံလုံခြုံခြုံ နေထိုင် နေကြတဲ့ ကာလဖြစ်ပြီး အနုပညာရှင် တော်တော်များများလည်း အနားယူရတဲ့ကာလလို့ဆိုရတော့မှာပေါ့နော်။ မကြာခင်ရောက်ရှိ လာတော့မယ့် သင်္ကြန်ပွဲမှာတောင် မဏ္ဍပ်တွေခွင့်မပြုပဲ အိမ်ရှေ့မှာပဲ ရေပုံးလေးချပြီး ပက်ရမယ့် ငယ်ဘဝဖြစ်စဉ်တွေပြန်ရောက်သွားခဲ့ပါတယ်။

 

လတ်တလောမှာပွဲတက်တွေလည်းမရှိတော့ဘဲ ဖြေဖျော်ရေးပွဲစဉ်အားလုံးကိုလည်း ပိတ်သိမ်းထားကာ အားလုံးကိုလုံခြုံအောင်ထားပြီး စောင့်ကြည့် နေဆဲကာလဖြစ်တာမို့ မသေချာသေးတဲ့အခြေအနေတစ်ခုမှာ အပြင်တွေမသွားပဲ ကိုယ့်ကျန်းမာရေးကိုယ်ပဲ ဂရုတစိုက်နဲ့နေရမယ့်ကာလလည်း ဖြစ်ပါတယ်။ အောင်လတို့ချစ်သူနှစ်ဦးကတော့ အိမ်ထဲမှာပဲ သာသာယာယာ ရေစိမ်ပြီး အပန်းဖြေနေခဲ့ပါတယ်။

 

 

နှစ်ယောက်အတူတူဖျော်ဖြေပွဲတွေလည်းတက်ခဲ့သလို ဖွင့်ပွဲတွေမှာလည်း တတွဲတွဲပါပဲ။ အခုလိုအားလုံးပိတ်ထားတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အရင်ကထက်ပိုပြီး အချိန်ပေးဖြစ်တာပေါ့နော်။ နှစ်ယောက်အတူအပန်းဖြေနေတဲ့ပုံရိပ်လေးကို ” အိမ်တွင်း ပုန်း ကြသူများ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Reodineius Aung La

(ဇော်ဂျီဖြင့်ဖတ်ရန်)

အျပင္မထြက္ရေတာ့ အိမ္ကေရကူးကန္ေလးမွာပဲ အပန္းေျဖေနၾကတဲ့ ေအာင္လနဲ႔ ဝိုင္းစုခိုင္သိန္း

လတ္တေလာက်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား အျပင္မထြက္ဘဲ ကိုယ့္အိမ္တြင္းမွာ လုံလုံၿခဳံၿခဳံေနထိုင္ေနၾကတဲ့ ကာလျဖစ္ၿပီး အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ားလည္း အနားယူရတဲ့ကာလလို႔ ဆိုရေတာ့ မွာေပါ့ေနာ္။ မၾကာခင္ေရာက္ရွိ လာေတာ့မယ့္ သၾကၤန္ပြဲမွာေတာင္ မ႑ပ္ေတြခြင့္မျပဳပဲ အိမ္ေရွ႕မွာပဲ ေရပုံးေလးခ်ၿပီး ပက္ရ မယ့္ ငယ္ဘဝျဖစ္စဥ္ေတြျပန္ေရာက္သြားခဲ့ပါတယ္။

လတ္တေလာမွာပြဲတက္ေတြလည္းမရွိေတာ့ဘဲ ေျဖေဖ်ာ္ေရးပြဲစဥ္အားလုံးကိုလည္း ပိတ္သိမ္းထားကာ အားလုံးကိုလုံၿခဳံေအာင္ထားၿပီး ေစာင့္ၾကည့္ေနဆဲကာလျဖစ္တာမို႔ မေသခ်ာေသးတဲ့အေျခအေနတစ္ခုမွာ အျပင္ေတြမသြားပဲ ကိုယ့္က်န္းမာေရးကိုယ္ပဲ ဂ႐ုတစိုက္ နဲ႔ေနရမယ့္ကာလလည္းျဖစ္ပါတယ္။ ေအာင္လတို႔ခ်စ္သူႏွစ္ဦးကေတာ့ အိမ္ထဲမွာပဲ သာသာယာယာ ေရစိမ္ၿပီး အပန္းေျဖေနခဲ့ပါတယ္။

ႏွစ္ေယာက္အတူတူေဖ်ာ္ေျဖပြဲေတြလည္းတက္ခဲ့သလို ဖြင့္ပြဲေတြမွာလည္း တတြဲတြဲပါပဲ။ အခုလိုအားလုံးပိတ္ထားတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အရင္ကထက္ပိုၿပီး အခ်ိန္ေပးျဖစ္တာေပါ့ေနာ္။ ႏွစ္ေယာက္အတူအပန္းေျဖေနတဲ့ပုံရိပ္ေလးကို ” အိမ္တြင္း ပုန္း ၾကသူမ်ား ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Reodineius Aung La