မွန်မြတ်လှတဲ့ ကောင်းမှုအလှူလေးတွေပြုလုပ်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် Zell

Posted on

ပရိသတ်ကြီးရေ Zellကတော့ ယောက်ျားပီသလှတဲ့ မျက်နှာ ဆွဲဆောင်မှုပြည့်ဝလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ချစ်ခင်အားပေးတဲ့ ပရိသတ်အတော်အသင့်ရရှိနေပြီလည်းဖြစ်ပါတယ်။

Zellကတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာနဲ့ လှူဒါန်းတတ်ပြီး ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူလေးတွေကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် ဆန်၊ဆီ၊ကြက်ဥတွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သွားရောက်လှူဒါန်းတဲ့ နေရာမှာ အသက် (၈၇)နှစ်အရွယ်ရှိနေပြီး အားကိုးရမယ့်သူမရှိတဲ့ အဖွားတစ်ယောက်ကိုလည်း လိုအပ်တာတွေကူညီထောက်ပံ့ပေးခဲ့ပါသေးတယ်။

နောက်ထပ်လည်း နေစရာနေရာမရှိလို့ ကျောတခင်းစာအတွက် အခက်တွေ့နေသူတွေ အတွက် အိမ်ဆောက်အိမ်ပြင်ပေးနေခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ Zell ရဲ့ အလှူလေးတွေကတော့ တကယ်ကို မွန်မြတ်လွန်းလှတဲ့ အလှူလေးတွေပါပဲနော်။

Source – ZELL
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – ZELL
Chilli – CeleZone