ဆေးရုံတွေအတွက် Personal Protective Equipment (ရောဂါပိုးကာကွယ်ရေးဝတ်စုံ) အစုံ (၁၀၀) လှူတန်းခဲ့တဲ့ စမိုင်းလ်

Posted on

အနုပညာရှင်တွေရော တတ်နိုင်သူတွေအားလုံးကပါ ကိုယ်နဲ့နီးစပ်ရာအသိုင်းအဝိုင်းမှာ လက်လှမ်းမှီသလောက် Covid – 19 ရောဂါနဲ့ ပက်သက်ပြီး ကာကွယ်ရေးနဲ့ ကုသရေးအတွက် လှူတန်းနေကြချိန်မှာ စမိုင်းလ်တစ်ယောက်လည်း ဆေးရုံတွေအတွက် လိုအပ်နေတဲ့ (PPE) ဝတ်စုံတွေကို အစုံ (၁၀၀) လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ ဒီရောဂါစတင်ဖြစ်ပွားခဲ့စဉ်က ဆေးရုံကြီးမှာ ဝတ်စုံအလုံအလောက် မရှိတာမို့ ဝန်ထမ်းတွေဟာ ဖြစ်သလိုကာကွယ်ရတဲ့ ပုံရိပ်လေးတစ်ခုဟာ လူမှုကွန်ယက်မှာ စိတ်မကောင်းစွာနဲ့ တက်လာခဲ့ပါသေးတယ်။

ဒီ ကပ်ရောဂါဆိုးကြီးဟာ မြန်မာပြည်မှာဖြစ်ပွားသူမရှိသေးဘူးလို့ဆိုပေမယ့် သံသယရှိလူနာ တွေတော့ရှိနေခဲ့ပါတယ်။ လတ်တလော စစ်ဆေးချက်တွေအရတော့ ဖြစ်ပွားသူမရှိသေးပေမယ့် ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့စကားလေးအတိုင်း ကိုယ်လက်လှမ်း မှီရာ အသိုင်းအဝိုင်းတွေကို လှူတန်းမှုတွေ အသိပေးမှုတွေ အများအပြားလုပ်နေခဲ့ပါတယ်။ အဓိကအရေးကြီးတာတော့ လူနာပေါင်းစုံနဲ့ထိတွေ့ရတဲ့ ဆေးရုံတွေဖြစ်တာကြောင့် စမိုင်းလ်က အခုလိုလှူတန်းခဲ့တာပဲဖြစ်ပါတယ်။

တကယ်ကိုလိုအပ်နေတဲ့အရာတွေ တကယ်လိုအပ်နေတဲ့သူတွေလက်ထဲရောက်သွားတာတော့ ဝမ်းသာစရာပါပဲ။ ကျန်းမာရေးဝန်ထမ်း တွေဟာလည်း ကိုယ့်အသက်ကိုတောင် ပဓာနမထားပဲ ကာကွယ်စောင့်ရှောက်မှုလိုအပ်နေတဲ့သူတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေ တာမို့ ဒီဝတ်စုံလေးဟာ သူတို့အတွက်အတော်လေးကို အထောက်အကူဖြစ်မှာအသေအချာပါပဲ။ ကြည်နူးစရာအလှူလေးမို့ သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်စမိုင်းလ်ရေ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေဆးရံုေတြအတြက္ Personal Protective Equipment (ေရာဂါပိုးကာကြယ္ေရးဝတ္စံု) အစံု (၁၀၀) လွဴတန္းခဲ့တဲ့ စမိုင္းလ္

အႏုပညာရွင္ေတြေရာ တတ္ႏိုင္သူေတြအားလံုးကပါ ကိုယ္နဲ႔နီးစပ္ရာအသိုင္းအဝိုင္းမွာ လက္လွမ္းမွီသေလာက္ Covid – 19 ေရာဂါနဲ႔ပက္သက္ျပီး ကာကြယ္ေရးနဲ႔ ကုသေရးအတြက္ လွဴတန္းေနၾကခ်ိန္မွာ စမိုင္းလ္တစ္ေယာက္လည္း ေဆးရံုေတြ အတြက္ လိုအပ္ေနတဲ့ (PPE) ဝတ္စံုေတြကို အစံု (၁၀၀) လွဴတန္းခဲ့တာပဲျဖစ္ပါတယ္။ ဒီေရာဂါစတင္ျဖစ္ပြားခဲ့စဥ္က ေဆးရံု ၾကီးမွာ ဝတ္စံုအလံုအေလာက္မရွိတာမို႔ ဝန္ထမ္းေတြဟာ ျဖစ္သလိုကာကြယ္ရတဲ့ ပံုရိပ္ေလးတစ္ခုဟာ လူမႈကြန္ယက္မွာ စိတ္မေကာင္းစြာနဲ႔ တက္လာခဲ့ပါေသးတယ္။

ဒီ ကပ္ေရာဂါဆိုးၾကီးဟာ ျမန္မာျပည္မွာျဖစ္ပြားသူမရွိေသးဘူးလို႔ဆိုေပမယ့္ သံသယရွိလူနာ ေတြေတာ့ရွိေနခဲ့ပါတယ္။ လတ္တေလာစစ္ေဆးခ်က္ေတြအရေတာ့ ျဖစ္ပြားသူမရွိေသးေပမယ့္ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ပိုေကာင္းတယ္ဆိုတဲ့ စကားေလးအတိုင္း ကိုယ္လက္လွမ္း မွီရာ အသိုင္းအဝိုင္းေတြကို လွဴတန္းမႈေတြ အသိေပးမႈေတြ အမ်ားအျပားလုပ္ေနခဲ့ ပါတယ္။ အဓိကအေရးၾကီးတာေတာ့ လူနာေပါင္းစံုနဲ႔ထိေတြ႕ရတဲ့ ေဆးရံုေတြျဖစ္တာေၾကာင့္ စမိုင္းလ္က အခုလို လွဴတန္းခဲ့တာပဲျဖစ္ပါတယ္။

တကယ္ကိုလိုအပ္ေနတဲ့အရာေတြ တကယ္လိုအပ္ေနတဲ့သူေတြလက္ထဲေရာက္သြားတာေတာ့ ဝမ္းသာစရာပါပဲ။ က်န္းမာေရးဝန္ထ မ္းေတြဟာလည္း ကိုယ့္အသက္ကိုေတာင္ ပဓာနမထားပဲ ကာကြယ္ေစာင့္ေရွာက္မႈလိုအပ္ေနတဲ့သူေတြအတြက္ အစြမ္း ကုန္ၾကိဳးစားေပးေနတာမို႔ ဒီဝတ္စံုေလးဟာ သူတို႔အတြက္အေတာ္ေလးကို အေထာက္အကူျဖစ္မွာအေသအခ်ာပါပဲ။ ၾကည္ႏူး စရာအလွဴေလးမို႔ သာဓုအၾကိမ္ၾကိမ္ေခၚပါတယ္စမိုင္းလ္ေရ။

Happy – Cele Zone
Photo – Smile