အသက် (၁၉) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရွှေမှုန်ရတီရဲ့ညီမလေး ငွေမှုန်ရတီ
Posted on
ပရိသတ်တွေရဲ့အချစ်တော်လေး ငွေမှုန်ရတီတစ်ယောက် အားလုံးရဲ့မျက်စိရှေ့မှာတင်ပဲ အသက် (၁၉) နှစ် ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါ တယ်။ အသက်အရွယ်ငယ်ပေမယ့် အမဖြစ်သူရဲ့ ခြေရာကိုအပြည့်အဝနင်းပြီး အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေခဲ့ ပါပြီ။ ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့သူလေးကတော့ ချစ်သူရည်းစားနဲ့ပက်သက်ပြီး ဘာသတင်းမှမကြားရပဲ မကြာခဏဆိုသလို သူငယ်ချင်းနဲ့အတူတူ ပျော်ပျော်ကြီး ခရီးထွက်တတ်ပါသေးတယ်။
အရပ်ရှည်ပြီး လူကောင်ကြီးတာမို့ သူမကို ဆယ်ကျော်သက်တစ်ယောက်လို့ ဘယ်သူကမှ မထင်ထားကြပါဘူး။ ဘယ်လိုပဲ လူကောင် ထွားထွား ရုပ်ကလေးက နုနေတာဆိုတော့ တကယ့်ကိုဆယ်ကျော်သက်လေးတစ်ယောက်ဆိုတာ သိသာပါတယ်။ အမဖြစ်သူ အိမ်ထောင် မကျခင်ကတည်းက အမနဲ့အရမ်းကိုရင်းနှီးပြီး ညီမနှစ်ယောက်အတူတူ ပျော်စရာအချိန်လေးတွေကို ကုန်ဆုံးတတ်ပါတယ်။
သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးကို ” Happy birthday to me (၁၉) နှစ်ပြည့်တာဘယ်သူမှမယုံကျဘူး ” ဆိုပြီး ဝေမျှခဲ့ပြီးနောက် ချစ်သူခင်သူ တွေက ဝိုင်းဝန်းပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေး တယ်။ Happy Birthday ပါ ငွေမှုန်လေးရေ ရှေ့ဆက်ရမယ့် အနာဂတ်မှာ ကောင်းတာတွေပဲ ပိုင်ဆိုင်နိုင်ပါစေနော်။
Happy – Cele Zone
Photo – Ngwe Hmone Yati
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Ngwe Hmone Yati