သူမရဲ့ဝန်ထမ်းတွေကို ရုံးမလာခိုင်းတော့ပဲ အိမ်ကနေ အလုပ်လုပ်လို့အဆင်ပြေအောင် အကုန်ထောက်ပံ့ပေးနေတဲ့ စမိုင်းလ်
Posted on
အလုပ်ရှင်နဲ့အလုပ်သမားဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီပါပဲ။ အလုပ်ရှင်ရဲ့ အကျိုးစီးပွားအတွက် အလုပ်သမားတွေကကြိုးစားပေးရ သလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အတွက် လည်း အလုပ်ရှင်က အမြဲကြည့်ရှုပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးရစမြဲပါ။ အခု ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ Covid – 19 ရောဂါနဲ့ပက်သက်ပြီး ကာကွယ်မှုတွေ ကိုယ်စီလုပ်ထားပြီး စောင့်ကြည့်နေဆဲကာလ လည်းဖြစ်ပါတယ်။
လူအယောက် (၃၀) နဲ့အထက် စုဝေးမှုမပြုရဆိုတဲ့အမိန့်ထွက်လာပြီးပေမယ့် လတ်တလော အလုပ်မပိတ်သေးတဲ့သူတွေအတွက်ကတော့ YBS စီးပြီး ရုံးသွားရုံးပြန်လုပ်နေရဆဲပါပဲ။ ရုပ်ရှင်ရုံတွေလည်း ခြောက်ပတ်တိတိ ပိတ်သိမ်းလိုက်ပြီဖြစ်ပေမယ့် တစ်ချို့ကျောင်းတွေနဲ့ ရုံးတွေကတော့ မပိတ်သေးပဲ ပုံမှန်အတိုင်း ဆက်လက်ထားရှိနေဆဲပါပဲ။ ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း မတတ်သာတဲ့အခြေအနေမို့ လုပ်ကိုင်နေရဆဲပါ။
စမိုင်းလ်ကတော့ သူမရဲ့ခံယူချက်ကို ” ကျမတို့ Vmg Telecoms မှဝန်ထမ်းများ၏ ကျန်းမာရေး အားအဓိကအရေးထားသဖြင့် ရုံးတက်ပြီးအလုပ်လုပ်မဲ့အစား အိမ်မှာနေပြီးအလုပ်လုပ်လို့ ရနိုင် အောင် စီစဉ်ဆောင်ရွက်ပေးထားတယ်။ မနက်ဖြန်မှစပြီး မိမိအိမ်မှာပဲ နေပြီး အလုပ်လုပ်ကြရန် ညွုန်ကြားပေးထားတယ်။ အင်တာနက်အသုံးပြုဖို့ဖုန်းတွေကိုငွေဖြည့်ပေးမယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ကြိုတင်ကာကွယ်ကြမယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။
Happy – Cele Zone
Photo – Smile
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Smile