ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ ခံစားပြီး ဖန်တီးထားတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးခဲ့တဲ့ ဟိန်းမင်းသူ

Posted on

ပရိသတ်ကြီးရေ ဟိန်းမင်းသူကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ မိမိုက်ပြီး ယောက်ျားပီသလှတဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ ဒီနေ့မှာချစ်ရတဲ့ ပရိသတ်တွေအတွက် သူကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “သတိုးသမီး” လို့ အမည်ပေးထားပြီး ဟိန်းမင်းသူကတော့ ဒီသီချင်းလေးကို သူ့ရဲ့ရင်ဘတ်နဲ့ ခံစားပြီး ဖန်တီးထားတာလို့လည်းရေးသားမျှဝေထားခဲ့ပါတယ်။

သူကိုယ်တိုင်လည်း ရင်ဘတ်ကြီးနဲ့ ခံစားပြီးရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ရင်ဘတ်ကြီးနဲ့ ခံစားပြီးနားဆင်ပေးကြဖို့လည်း တောင်းဆိုထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ဟိန်းမင်းသူရဲ့ သီချင်းအသစ်လေးကို ခံစားနားဆင်လို့ ရအောင် CeleZone ကနေပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Hein Min Thu
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Hein Min Thu
Chilli – CeleZone