ရေမွန်ကိုယ်တိုင်ရေးစပ်ထားခဲ့တဲ့ ” ရင်မခုန်တတ်သူ ” သီချင်းလေးကို သူကိုယ်တိုင်ပြန်ဆိုကာ ဝေမျှလာတဲ့ သင်ဇာဝင့်ကျော်

Posted on

ဘော်ဒီခပ်မိုက်မိုက်လေးကို ပိုင်ဆိုင်ထားသူလေးကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ သူမကအောင်မြင်ကျော်ကြား လူကြိုက်များပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ပြည့်နှက်နေသလို ယောကျာ်းလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ 

သရုပ်ဆောင်ရာမှာလည်း ကျရာဇာတ်ရုပ်များကို ပီပီပြင်ပြင်ပုံဖော်နိုင်သူတစ်ဦး လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝင်းဝါစိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ထားပြီး ခေတ်ရေစီးကြောင်းနှင့် အညီဖက်ရှင်များကိုဝတ်စားဆင်ယဉ်တတ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ် ။

လတ်တလောမှာတော့ သင်ဇာက သူငယ်ချင်း ရေမွန်ကိုယ်တိုင်ရေးစပ်ထားခဲ့တဲ့ ” ရင်မခုန်တတ်သူ ” သီချင်းလေးကို သူကိုယ်တိုင် ပြန်ဆိုကာ သရုပ်ဆောင်ထားတဲ့ music ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ သီချင်းလေးက အရမ်းကောင်းပြီး သင်ဇာ အသံလေးနဲ့ လိုက်ဖက်လွန်းလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Thinzar Wint Kyaw

-Zawgyi Font ဖြင့်ဖတ်ရန် – 


သီချင်းလေးရော အသံရော ကောင်းလိုက်တာ 😍😍




Yuan – Cele Zone
