မကြာခင်မှာ လက်ထပ်တော့မယ့် သူငယ်ချင်းနန်းသူဇာအတွက် ဂုဏ်ယူနေခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ်ကြီးရေ မနေ့က ဇွန်လ (၂၂)ရက်နေ့လေးမှာတော့ အဆိုတော်ကျော်ထွဋ်ဆွေက သူ့ရဲ့ချစ်သူဖြစ်တဲ့ အဆိုတော်မော်ဒယ်လ်မလေး နန်းသူဇာကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်းကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။နန်းသူဇာကလည်း လက်ထပ်ခွင့်လေးကို လက်ခံခဲ့ပါတယ်။

ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲဖြစ်သလို အခုလို နှစ်ယောက်သားရဲ့ မင်္ဂလာသတင်းကြောင့်ပရိသတ်တွေက ဝမ်းသာနေခဲ့ကြပါသေးတယ်။ ပရိသတ်တွေသာမကချစ်ကြတဲ့ အနုပညာရှင်တွေကလည်း ဝမ်းသာနေခဲ့ကြပြီး နန်းသူဇာရဲ့ သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းကတော့ ချစ်တဲ့သူနဲ့ ပေါင်းဖက်ရတော့မယ် သူငယ်ချင်းနန်းသူဇာအတွက် ဂုဏ်ယူဝမ်းသာဖြစ်နေခဲ့ပါတယ်။

နန်းမြတ်က သူငယ်ချင်းရဲ့ မင်္ဂလာသတင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်နေခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “သူငယ်ချင်းလေးအရမ်းပျော်နေတာကိုယ်လဲပျော် တသက်စာစိတ်ချမ်းသာစရာတွေပဲကြုံတွေ့ရပါစေသူငယ်ချင်းလေးရေ ” ဆိုပြီးတော့ဆုတောင်းပေးထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ အိုင်ဒေါအတွဲလေးကတော့ မကြာခင်မှာရွှေလက်တွဲပါတော့မယ်နော်။

Source – Nann Myat Phyo Thinn
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleZone