ဂေဟာက ကလေးတွေ မြင်ရင်တောင် သူမကို မှတ်မိပါ့မလား တွေးပူသွားရလောက်တဲ့ ခိုင်နှင်းဝေရဲ့ ဖက်ရှင်ပုံရိပ်များ

Posted on

ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း တွေ့မြင်ရပါတယ်။ ကောင်းမှု တစ်ခု နေ့စဉ် ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေက တကယ်ကို လေးစားစရာ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း လုံးဝမြင်နေကျပုံစံတွေနဲ့ ကွဲထွက်တဲ့ ဖက်ရှင်အလန်းလေးကို ဆင်မြန်းထားတဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံတွေနဲ့အတူ ” ကလေးတွေဆီ သွားရင် မှတ်မိကြပါ့မလား..😬…ဝါသနာပါတဲ့ အလုပ်လေးမို့ ကျရာ ဇာတ်ရုပ်ကို အမြဲ ပီပြင်အောင် လုပ်ရင်း  တစ်နေ့တာကို ဖြတ်သန်းရင်းပါပဲရှင်…❤️….” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားတာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် – 


😱😱😱




Yuan – Cele Zone

Photo – Khine Hnin Wai